တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးရာထူးမှ နုတ်ထွက်ခွင့်ပြု
တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးရာထူးမှ နုတ်ထွက်ခွင့်ပြု
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်အမှတ်၊ ၂၆/၂၀၁၇
၁၃၇၉ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၂ ရက်
(၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်)
တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၁၂၊ ပုဒ်မခွဲ(က)နှင့် ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၄၉၊ ပုဒ်မခွဲ(က)တို့ပါ ပြဋ္ဌာန်းချက်များအရ တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ဒေါ်ခင်မာဌေးကို ၎င်း၏ သဘောဆန္ဒအလျောက် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့မှစ၍ ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်သည်။
(ပုံ) ထင်ကျော်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်