ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီ ညှိနှိုင်းအစည်းအဝေး ကျင်းပ

Printer-friendly versionSend by email

ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီ ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် အောက်တိုဘာ ၉

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် ဦးဆောင်သည့် ကော်မတီ၏ အပြီးသတ်အစီရင်ခံစာ ရေးသားနိုင်ရေးအတွက် အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉နာရီခွဲတွင် အမျိုးသားလွှတ်တော်ရေးရာဆောင် (I-20) ၌ ကျင်းပသည်။

အစည်းအဝေးတွင် ကော်မတီ၏ အပြီးသတ်အစီရင်ခံစာရေးသားနိုင်ရေးအတွက် အချက်အလက်များကို ကြိုတင်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက်အကူပြု ကော်မတီဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ(၁) ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် အတွင်းရေးမှူး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်တို့ တက်ရောက်ခဲ့ကြသည်။