မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့နယ်ခွဲနှင့် အမ်းမြို့နယ် မဲလက်မောင်းကျေးရွာတို့၌ AA အဖွဲ့က အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်

Printer-friendly versionSend by email

မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့နယ်ခွဲနှင့် အမ်းမြို့နယ် မဲလက်မောင်းကျေးရွာတို့၌ AA အဖွဲ့က အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်

နေပြည်တော် စက်တင်ဘာ ၁၀

ရခိုင်ပြည်နယ် ​မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့နယ်ခွဲ၊ အလယ်ပိုင်းရပ်ကွက်၊ စျေးအတွင်း ယနေ့ နံနက်ပိုင်းက AA အဖွဲ့က သတ်ဖြတ်ထားသည့် အမျိုးသားအလောင်း နှစ်လောင်းအား တွေ့ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ AA အဖွဲ့သည် အပြစ်မဲ့အရပ်သား ပြည်သူများဖြစ်သည့် သဲကမ်းတောင်ကျေးရွာနေ ဦးညီညီထွေးနှင့် ဦးမောင်လုံးတို့ နှစ်ဦးအား ရက်ရက်စက်စက်သတ်ဖြတ်ပြီး အလယ်ပိုင်းရပ်ကွက်ရှိ စျေးအတွင်း လမ်းလေးခွဆုံ၌ ထားရှိခဲ့ခြင်းဖြစ်ကြောင်း။

ထို့ပြင် အမ်းမြို့နယ် မဲလက်မောင်းကျေးရွာမှ ဦးခိုင်သည် မိသားစုနှင့်အတူ နေအိမ်၌ အိပ်နေစဉ် စက်တင်ဘာ ၉ရက် ည၁၂နာရီခန့်တွင် AAအဖွဲ့မှ သုံးဦးရောက်ရှိလာပြီး ဓားဖြင့်ခုတ်သတ်ခဲ့သဖြင့် သေဆုံးသွားခဲ့ကြောင်း။

အလားတူ ၂၀၁၉ခုနှစ် မတ်၁၉ရက်တွင် ပလက်ဝမြို့နယ် ထရွန်အိုင်ကျေးရွာမှ အပြစ်မဲ့အရပ်သားတစ်ဦးအား ကျောက်တော်မြို့ ချမ်းမြေ့နဒီ ပန်းခြံဆိပ်ကမ်းရှိ စက်လှေဆိပ်၌လည်းကောင်း၊ မတ်၂၀ရက်တွင် မြေပုံမြို့နယ် စံညှင်းကျေးရွာမှ အပြစ်မဲ့အရပ်သားတစ်ဦးအားလည်းကောင်း၊ မတ်၂၃ရက်တွင် တိမ်ညိုရဲစခန်းမှ စခန်းမှူးအားလည်းကောင်း၊ မေ၁ရက်တွင် ကျောက်တော်မြို့နယ် ပီကောက်ဝ (ရခိုင်) ကျေးရွာအတွင်း နေထိုင်သည့် တပ်မတော်မှ အငြိမ်းစားတပ်ကြပ်ကြီးတစ်ဦးအားလည်းကောင်း၊ သြဂုတ်၃ရက်တွင် ကျောက်တော်မြို့နယ်၊ ဆင်အိုင်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် သာဒါဆိပ်ကျေးရွာရာအိမ်မှူးတို့အား လည်းကောင်း၊ စက်တင်ဘာ၁ရက်တွင် ကျောက်တော်မြို့နယ် ဝါးတောင်ကျေးရွာတွင် နေအိမ်၌ စျေးရောင်းနေသည့် အပြစ်မဲ့အရပ်သားနှစ်ဦးနှင့် ယိုးတရုတ်ကျေးရွာအတွင်း၌ စျေးဝယ်နေသည့် ဒု-ရဲအုပ် တစ်ဦးတို့အားလည်းကောင်း AAအဖွဲ့ကလက်နက်ငယ်များ၊ ဓားများဖြင့် အကြောင်းမဲ့ ပစ်သတ် ထိုးသတ်ခဲ့သဖြင့် သေဆုံးသွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။