ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဝင်များ စစ်တွေမြို့ရှိ နှစ်ဖက်လူ့အဖွဲ့အစည်းများနှင့် တွေ့ဆုံ

Printer-friendly versionSend by email

စစ်တွေ နိုဝင်ဘာ ၁၆

စစ်တွေမြို့၌ ရောက်ရှိနေသည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် စစ်တွေမြို့နယ် သဲချောင်းကျေးရွာသို့ သွားရောက်ပြီး သဲချောင်းဈေးအတွင်း ဈေးရောင်း ဈေးဝယ် ပြုလုပ်နေကြသည့် အစ္စလာမ်ဘာသာဝင်များ၊ မာရမာကြီးများအား တွေ့ဆုံပြီး သိရှိလိုသည်များကို မေးမြန်းကြသည်။

 

ထို့နောက် ကော်မရှင်အဖွဲ့သည် အုန်းတောကြီးကယ်ဆယ်ရေးစခန်း၌ ရပ်မိရပ်ဖ ဦးဘကျော် အပါအဝင် ဒေသခံ ၅၀ နှင့်လည်းကောင်း၊ ရေချမ်းပြင်ကျေးရွာ၌ ဒေသခံတိုင်းရင်းသား ဦးထွန်းအောင်ကျော် အပါအဝင် ၁၅ ဦး နှင့်လည်းကောင်း၊ ဇောပူဂျာကျေးရွာ စာသင်ကျောင်း၌ ဦစံထွန်းကျော်အပါအဝင် ဒေသခံ တိုင်းရင်းသား ၂၅ ဦးနှင့် လည်းကောင်း တွေ့ဆုံပြီးသိရှိလိုသည်များကို မေးမြန်းကြသည်။

 

မွန်းလွဲပိုင်းတွင် ဆတ်ရိုးကျ တိုင်းရင်းသားကယ်ဆယ်ရေးစခန်းသို့ သွားရောက်လေ့လာကြသည်။ ကော်မရှင်အဖွဲ့သည် ညနေ ၃ နာရီတွင်စစ်တွေဟိုတယ်ခန်းမ၌ စစ်တွေမြို့ပေါ်ရှိ UN ၊ INGO ၁၃ ဖွဲ့မှ ကိုယ်စားလှယ်များ နှင့် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။