အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများက ဝါးပိတ်ကျေးရွာအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်စီး

Printer-friendly versionSend by email

နေပြည်တော် နိုဝင်ဘာ ၁၃

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းရှိ ဝါးပိတ်ကျေးရွာအတွင်းသို့ အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ ၁၀ဦးခန့် ဝင်ရောက်လာကြောင်း သတင်းအရ ယနေ့ညနေ ၄ နာရီ မိနစ် ၅ဝတွင် တပ်မတော်စစ်ကြောင်းနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့က သွားရောက်ရှင်းလင်းရာ အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများသည် ကျေးရွာအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးပြီး ဇင်ပိုင်ညာကျေးရွာဘက်သို့ ထွက်ပြေးသွားသဖြင့် တပ်မတော်သားများနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၆ နာရီခန့်တွင် မီးညွန့်ကျိုးသွားခဲ့သည်။

 

မီးလောင်မှုကြောင့် နေအိမ် ၈ဝခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများသည် တပ်မတော်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့အား အများပြည်သူများ အထင်အမြင်လွဲမှားစေရန်နှင့် ပြည်ပအဖွဲ့အစည်းများထံမှ အကူအညီအထောက်အပံ့များရရှိစေရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။