အနယ်နယ်အရပ်ရပ်မှ ပေးပို့လှူဒါန်းသည့်ပစ္စည်းများအား တပ်မတော်ရေယာဉ်ဖြင့် စစ်တွေမြို့သို့ ပို့ဆောင်

Printer-friendly versionSend by email

နေပြည်တော် နိုဝင်ဘာ ၁၃

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ်များအတွင်းရှိဒေသခံပြည်သူများ၊ နယ်မြေလုံခြုံရေးတာဝန် ထမ်းဆောင်လျက်ရှိသော တပ်မတော်သားများနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များအတွက် အနယ်နယ်အရပ်ရပ်မှ ပြည်သူများက စားသောက်ဖွယ်ရာများနှင့် အသုံးဆောင်ပစ္စည်းများ ပေးပို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် ဆန် ၆၉၈ အိတ်၊ စားသောက်ကုန် ၁၁ ဒသမ ၆၆၂ တန်နှင့်လူသုံးကုန် ၂ ဒသမ ၄၁၈ တန်အားသာကေတမြို့နယ်ရှိ တပ်မတော်ရေတပ် ဆိပ်ခံတံတားမှ စစ်တွေမြို့သို့ တပ်မတော်ရေယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။