မောင်တောမြို့နယ်အတွင်း အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ သုံးဦးနှင့် မသင်္ကာဖွယ် တစ်ဦး ထပ်မံဖမ်းဆီးရမိ

Printer-friendly versionSend by email

နေပြည်တော် နိုဝင်ဘာ ၁၀

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း တပ်မတော် စစ်ကြောင်းနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် ဆူခါလီ (ဘင်္ဂါလီ) ကျေးရွာရှိ မူဟာမက်အီဆုတ်၏ နေအိမ်အား ဝင်ရောက်ရှင်းလင်း ရှာဖွေစစ်ဆေးရာ မူဟာမက်အီဆုတ် (ဘ)ဆွေယော့နူလာ၊ ရာမက်ဒူလာ(ဘ) မိုဟာမက် အီဆုတ်နှင့် နော်ဇီမူလာ(ဘ) မိုဟာမက်အီဆုတ်တို့ ၃ ဦးကို ဒသမ ၃၀၃ ထိပ်ဖူးဖြုတ်ထားသော ကျည်ခွံ ၄၂ ခု၊ ဒသမ ၃၀၃ ကျည်ဖူး ခုနစ်ခု၊ RZL လက်ကိုင် စကားပြောစက်တိုင်တို တစ်ချောင်း၊ သစ်သား မှိန်း တစ်ချောင်း၊ ဝါးမှိန်း တစ်ချောင်း၊ သံမှိန်း နှစ်ချောင်း၊ ဓားမကြီး လေးချောင်း၊ ဓားမြှောင် သုံးချောင်း၊ အိပ်ဆောင်ဓားအသေး နှစ်ချောင်း၊ အရိုးမပါ လှံသွားတစ်ချောင်းနှင့် လေးမြှောင့် ဆူးချွန် နှစ်ချောင်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အလားတူ ယနေ့ နံနက် ၇ နာရီခန့်ကလည်း ပူးပေါင်း အဖွဲ့ဖြင့် နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက် စဉ် သက္ကယ်ပြင်(အနောက်) ကျေးရွာဘက်မှ ထွက်လာသည့် မသင်္ကာဖွယ် ဘင်္ဂါလီ မာမက် ဟူစိန်(ဘ) ဒေါ်လာ ဘာရှီအား စစ်ဆေးရာ ဆန်ဖိုနီ(P-5) အမျိုးအစား ဟန်းဆက် တစ်လုံး၊ ဘင်္ဂလားဒေ့ရှ ်နိုင်ငံသုံး တရားမဝင် Robi ဆင်းကတ် တစ်ခု၊ MPT ဆင်းကတ် တစ်ခုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိ ဘင်္ဂါလီ လေးဦး၊ လက်နက်များနှင့် ဆက်စပ်ပစ္စည်းများအား အင်းဒင်ရဲစခန်းနှင့် နယ်ခြား စောင့်တပ်ဖွဲ့ ကွပ်ကဲမှုဌာနချုပ် (ကျီးကန်းပြင်)သို့ တရား ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး စနစ်တကျ လွှဲပြောင်းအပ်နှံ ခဲ့ကြောင်း သတင်းရရှိသည်။