မြန်မာ့ရေပိုင်နက်အတွင်း စက်လှေတစ်စင်းပေါ်မှ ဘင်္ဂလားဒေရှ်နိုင်ငံသားများအား ဖမ်းမိ

Printer-friendly versionSend by email

နေပြည်တော် နိုဝင်ဘာ ၉

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အလယ်သံကျော်ကျေးရွာ၏ အနောက်တောင်ဘက် သုံးမိုင်ခန့်အကွာ ပင်လယ်ပြင်တွင် မသင်္ကာဖွယ် စက်လှေတစ်စင်းအား တွေ့ရှိသဖြင့်တပ်မတော် (ရေ)မှ သွားရောက်စစ်ဆေးရာ ဘင်္ဂလားဒေ့ရှ့်နိုင်ငံမှ ငါးဖမ်းစက်လှေတစ်စင်းအား တွေ့ရှိခဲ့ပြီး စက်လှေပေါ်တွင် လိုက်ပါလာသော ဘင်္ဂလားဒေ့ရှ့် နိုင်ငံသားများဖြစ်သည့် ဘာမင်ဟူစိန် (ဘ) ဆိုင်းမာမွတ်၊ မော်တေကောရီ (ဘ) ဟာပီပီလာမွတ်၊ ရော်စူးအူလာ (ဘ) လူလူမာ၊ မဟာမွန်ဟူစိန် (ဘ) ရိုဦးမာမွတ်၊ တာတာဟူစိန် (ဘ) လာမာမွတ်နှင့် မာမွန်ဟာကီ(ဘ) ဟာလီဟိုဆွန်းတို့ ခြောက်ဦးအား ဖမ်းဆီးရမိခဲ့သည်။

 

အဆိုပါ ဖမ်းဆီးရမိသူများအား စစ်ဆေးဆောင်ရွက်နိုင်ရေး အလယ်သံကျော် နယ်မြေရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။