မောင်တောမြို့နယ်အတွင်း အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများအား ထောက်ပံ့ပေးနေသူ နှစ်ဦး ဖမ်းဆီးရမိ

Printer-friendly versionSend by email

နေပြည်တော် နိုဝင်ဘာ ၈

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကိုးတန်ကောက် ဒုက္ခသည်စခန်းအတွင်း နေထိုင်သူများအနက် အချို့သော သူများသည် အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများအား ရိက္ခာနှင့် ငွေကြေးများ ထောက်ပံ့ပေးလျက်ရှိကြောင်း သတင်းအရ တပ်မတော်စစ်ကြောင်းနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့ ဖြင့် ဝင်ရောက် စစ်ဆေးရှာဖွေရာ ယနေ့မွန်းလွဲ ၁ နာရီတွင် စခန်းနေ ဖေမာမောက်(ဘ) အာဇီရာမောက်နှင့် ရှော်ရှီတာမောက် (ဘ) ကာဆီတို့ နှစ်ဦးအား ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူများအား တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး အင်းဒင်နယ်မြေရဲစခန်းသို့ စနစ် တကျ လွှဲပြောင်းပေးအပ်ပြီးဖြစ်ကြောင်း သတင်းရရှိသည်။