မောင်တောမြို့နယ်အတွင်း အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများက ရွာသားများအား အကြောင်းမဲ့ ဖမ်းဆီး

Printer-friendly versionSend by email

နေပြည်တော် နိုဝင်ဘာ ၈

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဇင်ပိုင်ညာကျေးရွာအုပ်စု ဖူခါလီကျေးရွာနေ နူမာမောက်၏ နေအိမ်သို့ နိုဝင်ဘာ ၇ ရက် ည ၁၀ နာရီခွဲခန့်တွင် ဇင်ပိုင်ညာကျေးရွာနေ ဂေါ်ဇီရာမောက်၊ ဂျူဘိုင်၊ နူရူစလန်နှင့် ရာဖစ်တို့ ဦးဆောင်သော အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ ၁၅ ဦးခန့် ရောက်ရှိလာပြီး နေအိမ်တံခါးအား တုတ်၊ ဓားတို့ဖြင့် ရိုက်ချိုး ဖျက်ဆီး၍ နေအိမ်အား မီးရှို့ကာ ဖိုက်ဇယ်(ဘ) နူမာမောက်နှင့် မာမွတ်ဖာရို (ဘ) နူမာမောက်တို့ ညီအစ်ကိုနှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများကို အချိန်မီဖမ်းဆီးနိုင်ရေး နယ်ခြား စောင့်ရဲတပ်ဖွဲ့ဝင်များက အဆိုပါ နေအိမ်နှင့် အနီးပတ်ဝန်းကျင်အား ရှင်းလင်းခဲ့ရာ ည ၁၂ နာရီခွဲတွင် နေအိမ်၏ အနောက်ဘက် လယ်ကွင်းအစပ်၌ မာမွတ်ဖာရိုအား ပြတ်ရှဓားဒဏ်ရာ ၁၁ ချက်၊ ထိုးသွင်းဒဏ်ရာ နှစ်ချက်ဖြင့် တွေ့ရှိသဖြင့် မောင်တော ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

နယ်မြေရှင်းလင်းဆောင်ရွက်      

အဆိုပါ အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများ ဖမ်းဆီးရမိနိုင်ရေး တပ်မတော်စစ်ကြောင်းများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများ အား နယ်မြေ ရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။