မောင်တော့မြို့နယ်အတွင်းမှ မသင်္ကာဖွယ် ဘင်္ဂါလီလူမျိုး ၂ ဦး ထပ်မံဖမ်းဆီးရမိ

Printer-friendly versionSend by email

မောင်တော နိုဝင်ဘာ ၇

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းနှင့် နယ်ခြား စောင့်ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော  ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၇ နာရီခန့်တွင် ဖားဝပ်ချောင်းကျေးရွာ(ရွာဟောင်း)သို့ သွားရောက် စုံစမ်းရှာဖွေစဉ်  ကျေးရွာနေ မသင်္ကာဖွယ် ဘင်္ဂါလီ ဖောရာအာမတ် (ဘ) မာမတ်ရှောဖီနှင့် မာမတ်တာဟဲ(ဘ) ဆာလောင် အာမတ်တို့ နှစ်ဦးအား ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူ ဘင်္ဂါလီ နှစ်ဦးအား တရားဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် မောင်တောမြို့ရှိ  နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။