မောင်တောမြို့နယ်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့က စွန့်လွှတ်ထားသော မြင်းလွတ်ရွာသစ် ရဲကင်း စခန်းဟောင်းအား မီးရှို့ဖျက်ဆီးမှုဖြစ်ပွား

Printer-friendly versionSend by email

မောင်တော နိုဝင်ဘာ ၄

မောင်တောမြို့နယ် မြင်းလွတ်မြို့ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့က စွန့်လွှတ်ထားပြီး တပ်စွဲထားခြင်းမရှိသော မြင်းလွတ်ရွာသစ် ရဲကင်းစခန်းဟောင်းအား ယနေ့ မွန်းလွဲ ၂ နာရီခွဲခန့်တွင် အကြမ်းဖက်သမားများ၊ ၎င်းတို့နှင့် ပတ်သက်သူများက မီးရှို့ဖျက်ဆီးမှုဖြစ်ပွားခဲ့သည်။

 

ထိုသို့ မီးရှို့ဖျက်ဆီးမှုကြောင့် သက်ငယ်မိုး၊ ဝါးထရံကာ၊ ဝါးကြမ်းခင်းအိပ်ဆောင်ဟောင်းနှစ်လုံး၊ သက်ငယ်မိုးထမင်းချက်တဲတစ်လုံးနှင့် သဲအိတ်ဖြင့် ပြုလုပ်ထားသော ဘန်ကာတစ်ခုတို့ မီးလောင်ခဲ့ပြီး မွန်းလွဲ ၃ နာရီခွဲ ခန့်တွင် မီးငြိမ်းသွားခဲ့သည်။

 

အဆိုပါရဲကင်းစခန်းမှာ အောက်တိုဘာ ၁၁ ရက်မှ စ၍ နယ်ခြားစောင့်ရဲတပ်ဖွဲ့များ တပ်စွဲခြင်းမပြုတော့ဘဲ စွန့်လွှတ်ထားသော ရဲကင်းစခန်းဟောင်းဖြစ်ပြီး ၎င်းအနီးတစ်ဝိုက်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်း၍ နယ်မြေရှင်းလင်းလျက်ရှိကြောင်း သတင်းရရှိသည်။