ကော့ကရိတ်ခရိုင်အတွင်းရှိ နယ်စပ်ဝင်ပေါက်များမှ ဘင်္ဂါလီလူမျိုးများ ခိုးဝင်လာမှု ရှိ/ မရှိ စစ်ဆေးမည်

Printer-friendly versionSend by email

ကော့ကရိတ် နိုဝင်ဘာ ၂

 

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင်အတွင်းရှိ ဘုရားသုံးဆူမြို့နှင့် ကျိုက်ဒုံမြို့ရှိ ပိုင်ကလိုင်ကျေးရွာ နယ်စပ်များမှ ဘင်္ဂါလီလူမျိုးများ မြန်မာနိုင်ငံအတွင်းသို့ ခိုးဝင်လာမှုရှိ၊ မရှိကို ယခုလမှစ၍ စစ်ဆေး ဆောင်ရွက်တော့မည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါကိစ္စနှင့် ပတ်သက်၍ ကရင်ပြည်နယ် ကော့ကရိတ်ခရိုင်အတွင်းရှိ ဘုရားသုံးဆူမြို့ နယ်စပ် အနန်းကွင်းကျေးရွာနှင့် ကျိုက်ဒုံမြို့ပိုင်က လိုင်ကျေးရွာနယ်စပ် အစွန်းကျေရွာတို့တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့ ပူးပေါင်း၍ စစ်ဆေးဆောင်ရွက်မည် ဖြစ်ကြောင်း ကော့ကရိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဇော်သီဟထံမှသိရသည်။

 

ကရင်ပြည်နယ်သည် ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိပြီး နှစ်နိုင်ငံကူးသန်းသွားလာရေး အတွက် စစ်ဆေးရေးဂိတ်များရှိသော်လည်း နယ်နိမိတ်တစ်လျှောက်တွင် တရားမဝင်ကူးသန်းသွားလာ သည့် နေရာများရှိသည့်အတွက် အဆိုပါနေရာများနှင့် ပတ်ဝန်းကျင်များတွင် ဦးစား ပေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားခဲ့သည်။

 

ထို့ကြောင့် ကရင်ပြည်နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့်လည်း တရားမဝင် ခိုးဝင်ဘင်္ဂါလီများနှင့် မသင်္ကာဖွယ်ရာလူများ တွေ့ရှိပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ပေးရန် နှိုးဆော်ထား ကြောင်းလည်း သိရသည်။