ပူးပေါင်းအဖွဲ့ အခြေပြုသည့် နယ်မြေရုံးအား အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများ ချဉ်းကပ်သဖြင့် လက်နက်ငယ်များဖြင့် ပစ်ခတ်ရှင်းလင်း

Printer-friendly versionSend by email

နေပြည်တော် အောက်တိုဘာ ၁၃

တပ်မတော်စစ်ကြောင်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအခြေပြုနေသည့် မောင်တော မြို့နယ် အလယ်သံကျော်နယ်မြေရုံးအား အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းက အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ အင်အား ၅၀ ခန့်ဖြင့် တစ်ကြိမ်၊ အင်အား ၂၀ ခန့်ဖြင့် တစ်ကြိမ်၊ အင်အား ၁၅ ဦးခန့် ဖြင့် တစ်ကြိမ် စုစုပေါင်း (၃) ကြိမ် ချဉ်းကပ်လာသဖြင့် ပူးပေါင်းအဖွဲ့မှ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ရှင်းလင်း ခဲ့ရသည်။

ထို့ပြင် တပ်မတော်စစ်ကြောင်းများ နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် အောက်တိုဘာ ၁၂ ရက် ည ၇ နာရီ မိနစ် ၂၀ ခန့်တွင် မောင်တောမြို့နယ်၊ ဝါးပိတ်ကျေးရွာ၏ အနောက်ဘက် မီတာ ၂၀၀ ခန့်အကွာရှိ တောင်ကုန်း၌ ကျီးကန်းပြင်အုပ်စု ဝါးပိတ်ကျေးရွာနေ အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ ဖော်ဆော် လာမောက် (ဘ) ဖွေဘာမောက်အား ဖမ်းဆီးရမိခဲ့ကြောင်း၊ ယနေ့နံနက်ပိုင်းတွင် တပ်မတော် စစ်ကြောင်းသည် အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများ ယမန်နေ့က မီးရှို့ဖျက်ဆီးခဲ့သည့် ဝါးပိတ် ကျေးရွာအတွင်း အသေးစိတ်ထပ်မံရှင်းလင်းရာ မီးလောင်ထားသည့် MA-၁၁ အမျိုးအစား သေနတ်တစ်လက်၊ ကျည်အိမ် မျိုးစုံ ၁၁ ခု၊ ကျည်မျိုးစုံ ၁၅၁၀ တောင့်၊ ပြောက်ကျားယူနီဖောင်း တစ်စုံ၊ RSO အလံ ၂၄ ခု၊ RSO တံဆိပ်ပါ လည်စည်း ၄၀ နှင့် ဓားရှည်တစ်ချောင်းတို့ ထပ်မံသိမ်းဆည်း ရမိခဲ့ကြောင်း သတင်းရရှိသည်။