ဘူးသီးတောင်မြို့နယ် သံဃနာယကအဖွဲ့က နယ်မြေဒေသ အခြေအနေနှင့် ပတ်သက်၍ ဩဝါဒမြွက်ကြား ဘူးသီးတောင်မြို့နယ်မှ မြို့မိမြို့မများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေး

Printer-friendly versionSend by email

စစ်တွေ အောက်တိုဘာ ၁၃

ဘူးသီးတောင်မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ဆရာတော်ကြီးများအား ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့က ယနေ့ နံနက် ၁၁ နာရီတွင် ဘူးသီးတောင်မြို့ရှိ အေးစေတီ ကျောင်း၌ သွားရောက်ဖူးမြော်ကြည်ညို၍ ဆရာတော်များထံမှ ဩဝါဒနာယူပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ အေးစေတီကျောင်းဆရာတော် ဦးသောမက ဤနယ်မြေသို့ ယခုကဲ့သို့ အစိုးရအဖွဲ့ဝင်များ စုံစုံလင်လင်ဖြင့် လာရောက်ကွင်းဆင်းလာသည့်အတွက် ကြိုဆိုကြောင်းနှင့် အားတက်မိပါကြောင်း၊ တပ်မတော်ဘက်ကလည်း လူပုဂ္ဂိုလ်အဖွဲ့အစည်းကို ဦးတည်တိုက်ခိုက်ခြင်း မဟုတ်ဘဲ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိခိုက်သည့်အတွက် ချေမှုန်းခြင်းဖြစ်သည်ဟု လာရောက်လျှောက်ထားပါကြောင်း၊ ဒေသခံပြည်သူများ၏ လုံခြုံမှုစိတ်ချရရေးနှင့် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိအောင် ဆောင်ရွက်ပေးပါဟု မှာကြားလိုကြောင်း မိန့်ကြားသည်။

ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများကလည်း လက်ရှိဆောင်ရွက်နေမှုများကို လျှောက်ထား ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။