ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ တည်ငြိမ်အေးချမ်းမှု ရှိရေး ပြည်ထောင်စုဝန်ကြီးများ ပါဝင်သောအဖွဲ့ သွားရောက်ရှင်းလင်းပြောကြားမည်

Printer-friendly versionSend by email

နေပြည်တော် အောက်တိုဘာ ၁၀

ရခိုင်ပြည်နယ်နှင့် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များ အတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် ပတ်သက်၍ အခြေအနေမှန်များ သိရှိနိုင်ရန်နှင့် တည်ငြိမ်အေးချမ်းမှုရရှိစေရန်အတွက် ရှင်းလင်း ပြောကြားရန် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ဦးဆောင်သည့် အဖွဲ့သည် အောက်တိုဘာ ၁၁ ရက်မှ ၁၄ ရက်အထိ ရခိုင်ပြည်နယ်သို့ သွားရောက်မည် ဖြစ်သည်။

 

အဆိုပါအဖွဲ့တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ ဗိုလ်ချုပ်အောင်စိုး၊ ဗိုလ်ချုပ် သန်းထွဋ်နှင့် ဦးခင်မောင်တင်၊ ရခိုင်ပြည်နယ်ဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းနှင့် ဒေါက်တာချမ်းသာ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ရဲမှူးချုပ် အောင်ဝင်းဦးတို့ လိုက်ပါကြမည်ဖြစ်ပြီး ရခိုင်ပြည်နယ် အတွင်းရှိ ရပ်မိရပ်ဖများနှင့် ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များ ကို တွေ့ဆုံရှင်းလင်း ပြောကြားမည်ဖြစ်ကြောင်း သိရသည်။