နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော တပ်မတော်သားများအား ရုတ်ချည်း တိုက်ခိုက်လာသည့် အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများကို ပြန်လည်ပစ်ခတ်ရှင်းလင်း

Printer-friendly versionSend by email

နေပြည်တော် အောက်တိုဘာ ၁၀

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့်ပတ်သက်၍ တပ်မတော်မှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေစဉ် ရုတ်ချည်းတိုက်ခိုက်လာသော အကြမ်းဖက် စီးနင်းတိုက်ခိုက်သူများအား ပြန်လည် ပစ်ခတ်ရှင်းလင်း ခဲ့ရကြောင်းသိရသည်။

 

ဖြစ်စဉ်မှာ ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ မြို့သူကြီးကျေးရွာဝန်းကျင်၌ အကြမ်းဖက် စီးနင်း တိုက်ခိုက်သူများ ရောက်ရှိနေကြောင်း သတင်းအရ တပ်မတော်မှ နယ်မြေ ရှင်းလင်းစဉ် ယနေ့နံနက် ၈ နာရီခန့်တွင် အဆိုပါကျေးရွာအနီး ကွမ်းခြံအတွင်းမှ အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ (၂၀)ဦးခန့်က တုတ်၊ ဓား လက်နက်များဖြင့် ရုတ်တရက် တိုက်ခိုက်လာမှုကြောင့် တပ်မတော်မှ ပြန်လည် ပစ်ခတ် ရှင်းလင်းရာ ၎င်း အဖွဲ့များ ထွက်ပြေးသွားခဲ့ပြီး အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ အလောင်း (၄) လောင်းနှင့် ၎င်းတို့ ကိုင်ဆောင်တိုက်ခိုက်ခဲ့သော လုပ်သေနတ် (၁)လက်၊ ကျည်(၃)တောင့်နှင့် ဓား(၁) လက်တို့ကို သိမ်းဆည်းရမိခဲ့သည်။

 

အဆိုပါ ဆုတ်ခွာထွက်ပြေးသွားသော အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများအား တပ်မတော်မှ လိုက်လံ ရှင်းလင်းလျက်ရှိကြောင်း သတင်းရရှိသည်။