ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးကိစ္စရပ်များ ဆွေးနွေး

Printer-friendly versionSend by email

နေပြည်တော် ဇွန် ၁၅

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ဌာနေ ကိုယ်စားလှယ် Mr. Giuseppe de Vincentiis နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီခွဲ က နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ်၌ ကျွမ်းကျင်လုပ်သားဆိုင်ရာသင်တန်းများ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်မှု၊ ဝန်ကြီးဌာနနှင့် (UNHCR) တို့အကြား လုပ်ငန်းများပူးပေါင်းဆောင်ရွက်ရေး အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။