အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပြဌာန်း (၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၆၉။)


အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ
(၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၆၉။)
၁၃၇၇ ခုနှစ်၊ နတ်တော်လဆန်း ၁၁ ရက်
(၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်)
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။ |
||
၁။ |
ဤဥပဒေကို အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေကို ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။ |
|
၂။ |
အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ (စ) ကို အောက်ပါအတိုင်း အစားထိုးရမည်- |
|
|
“(စ) |
ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ ဘဏ္ဍာရေး ဝန်ကြီးဌာနကို ဆိုသည်။” |
၃။ |
အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၇) တွင်ပါရှိသော “မြန်မာ့ အာမခံမှ အရာရှိ ၁ ဦး” ဆိုသည့်စကားရပ်ကို “ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနမှ အရာရှိ ၁ ဦး” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။ |
|
၄။ |
အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေပုဒ်မ ၆ တွင်ပါရှိသော “မြန်မာ့အာမခံ” ဆိုသည့် စကားရပ်ကို “ငွေရေးကြေးရေး ကြီးကြပ် စစ်ဆေးရေး ဦးစီးဌာန” ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။ |
|
၅။ |
အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေပုဒ်မ ၃၅ ကို ပယ်ဖျက်ရမည်။ |
|
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။ |
(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်