ဒုတိယသမ္မတဦးမြင့်ဆွေ မြန်မာအမျိုးသားပြခန်းဆောင် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ကုန်စည်ပြခန်းဆောင်အတွင်း လှည့်လည်ကြည့်ရှု

Printer-friendly versionSend by email
ဒုတိယသမ္မတဦးမြင့်ဆွေ မြန်မာအမျိုးသားပြခန်းဆောင် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ကုန်စည်ပြခန်းဆောင်အတွင်း လှည့်လည်ကြည့်ရှု

ဒုတိယသမ္မတဦးမြင့်ဆွေ မြန်မာအမျိုးသားပြခန်းဆောင် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ကုန်စည်ပြခန်းဆောင်အတွင်း လှည့်လည်ကြည့်ရှု

နန်နင်း စက်တင်ဘာ ၂၀

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့၌ ရောက်ရှိနေသော ဒုတိယသမ္မတ ဦးမြင့်ဆွေသည် အဖွဲ့ဝင်များနှင့်အတူ ယနေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန၌ ကျင်းပသည့် မြန်မာအမျိုးသားပြခန်းဆောင် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ကုန်စည်ပြခန်းဆောင် အတွင်း လှည့်လည်ကြည့်ရှုသည်။

ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ဒေသစံတော်ချိန် နံနက် ၉ နာရီ မိနစ် ၂၀ တွင် မော်တော်ယာဉ်များဖြင့် ချင်းကျိုး (Qinzhou) မြို့ရှိ Free Trade Port Area Management Committee ရုံးသို့ရောက်ရှိရာ ချင်းကျိုးမြို့ ဒုတိယမြို့တော်ဝန် Mr. Liu Renshan နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ချင်းကျိုးမြို့ လွတ်လပ်သောကုန်သွယ်မှုဆိပ်ကမ်းဧရိယာ (Free Trade Port Area) ပုံစံငယ်ကို ကြည့်ရှုလေ့လာရာ လွတ်လပ်သောကုန်သွယ်မှု ဆိပ်ကမ်းဧရိယာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယအကြီးအကဲ Mr. Huang Shanrong နှင့် လွတ်လပ်သော ကုန်သွယ်မှုဆိပ်ကမ်း ဧရိယာစီမံခန့်ခွဲမှုကော်မတီ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး Mr. Xu Chaoran တို့က “ချင်းကျိုးမြို့ လွတ်လပ်သော ကုန်သွယ်မှုဆိပ်ကမ်း ဧရိယာ” နှင့် “လွတ်လပ်သော ကုန်သွယ်မှု စမ်းသပ်ဇုန်(ချင်းကျိုး)” ဆိုင်ရာအချက်အလက်များ၊ လက်ရှိလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းပြသကြသည်။

ဆက်လက်၍ ဒုတိယသမ္မတနှင့်အဖွဲ့သည် ချင်းကျိုးကွန်တိန်နာဆိပ်ကမ်း ဆိပ်ခံတံတား အမှတ်(၄)သို့ ရောက်ရှိရာ Beibu Gulf Port Qinzhou Dock Co,Ltd မှ အထွေထွေမန်နေဂျာ Mr. Zhou Yan နှင့် တာဝန်ရှိသူများက ချင်းကျိုးကွန်တိန်နာဆိပ်ကမ်းဆိုင်ရာ အချက်အလက်များ၊ ကွန်တိန်နာ ဆိပ်ကမ်း တည်ဆောက်ထားရှိမှု အခြေအနေနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြသကြသည်။

ဒုတိယသမ္မတနှင့်အဖွဲ့သည် ချင်းကျိုးကွန်တိန်နာဆိပ်ကမ်း တည်ဆောက်ထားရှိမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။

မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတသည် အဖွဲ့ဝင်များနှင့်အတူ မြန်မာအမျိုးသား ပြခန်းဆောင်ဖွင့်ပွဲ အခမ်းအနားကျင်းပမည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာနသို့ ရောက်ရှိရာ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကွန်မြူနစ်ပါတီ အမြဲတမ်းကော်မတီအဖွဲ့ဝင်နှင့် နိုင်ငံရေးနှင့် ဥပဒေရေးရာကော်မတီ အတွင်းရေးမှူး Mr.Huang Shiyong နှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။

ရှေးဦးစွာ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီး ဦးဇော်မင်းတို့က မြန်မာအမျိုးသား ပြခန်းဆောင်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး ယဉ်ကျေးမှုအကအဖွဲ့၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

ယင်းနောက် ဒုတိယသမ္မတသည် အဖွဲ့ဝင်များနှင့်အတူ ယခုနှစ်အတွက် မြန်မာနိုင်ငံ၏ နှစ်လိုဖွယ်ရာမြို့ (City of Charm)အဖြစ် မကွေးမြို့ကို ရွေးချယ်သတ်မှတ်၍ ဖွင့်လှစ်ပြသထားရှိသည့် မြန်မာအမျိုးသား ပြခန်းဆောင်နှင့် (၁၆)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် ပါဝင်ပြသသည့် မြန်မာနိုင်ငံ ကိုယ်စားပြု ကုန်စည်ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးသည်။

(၁၆)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင် ၆၀၀ ခန့်တို့က အမေရိကန်ဒေါ်လာ (၁ ဒသမ ၉၃၇)သန်း တန်ဖိုးရှိ မြန်မာ့ကော်ဖီနှင့် လက်ဖက်ထွက်ကုန်ပစ္စည်းများ၊ မြန်မာ့လက်မှုပစ္စည်းများ၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာပစ္စည်းများ၊ သစ်အချောထည်ပစ္စည်းများ၊ သစ်သီးဝလံများ၊ မြန်မာ့ တိုင်းရင်းဆေးများ၊ ကြိမ်ပရိဘောဂပစ္စည်းများ၊ မြန်မာ့စိုက်ပျိုးရေးထွက် ကုန်နမူနာများ၊ စားသောက်ကုန် နမူနာပြခန်းများ အပါအဝင် ပြခန်းစုစုပေါင်း ၁၆၉ ခန်း ဖွင့်လှစ်ပြသလျက်ရှိကြောင်း သိရသည်။