ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ

Printer-friendly versionSend by email
ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ

ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ

ရန်ကုန် စက်တင်ဘာ ၂၂

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့၌ ကျင်းပသည့် (၁၆)ကြိမ်မြောက် တရုတ် - အာဆီယံ ကုန်စည်ပြပွဲနှင့် (၁၆)ကြိမ်မြောက် တရုတ် - အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ် နှံမှု ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သော ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၂၂ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင် လေကြောင်းခရီးဖြင့် နန်နင်းမြို့မှ ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာကြသည်။

ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား တရုတ် ကွန်မြူနစ်ပါတီ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကော်မတီ အမြဲတမ်းကော်မတီဝင် နှင့် နိုင်ငံရေးနှင့် ဥပဒေရေး ရာကော်မတီ အတွင်းရေးမှူး H.E. Mr. Huang Shiyong ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေ၊ နန်နင်းမြို့ မြန်မာ ကောင်စစ်ဝန်ချုပ် ဦးစိုးသက်နောင် နှင့်တာဝန်ရှိသူများက နန်နင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

ဒုတိယသမ္မတ နှင့်အဖွဲ့သည် နံနက် ၁၁ နာရီခွဲတွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိကြရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုး၊ ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင်နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။