၂၀၁၉ ခုနှစ် (၇၂) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ဂါရ၀ပြု

Printer-friendly versionSend by email

၂၀၁၉ ခုနှစ် (၇၂) နှစ်မြောက်  အာဇာနည်နေ့အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ဂါရ၀ပြု



ရန်ကုန် ဇူလိုင် ၁၉



၂၀၁၉ ခုနှစ် (၇၂)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ယနေ့နံနက် ၈ နာရီ က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်သူ နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ဂါရ၀ပြုကြသည်။



အခမ်းအနားသို့ ၂၀၁၉ ခုနှစ် (၇၂) နှစ်မြောက် အာဇာနည်နေ့ကျင်းပရေး ဗဟိုကော်မတီနာယက ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင်(ခ)  ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ၂၀၁၉ ခုနှစ်  (၇၂)နှစ်မြောက် အာဇာနည်နေ့ ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ၂၀၁၉ ခုနှစ်  (၇၂)နှစ်မြောက် အာဇာနည်နေ့ကျင်းပရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ၂၀၁၉ ခုနှစ်(၇၂)နှစ်မြောက် အာဇာနည်နေ့ကျင်းပရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အာဇာနည် ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။



ရှေးဦးစွာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏သမီးဖြစ်သူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဗဟိုကော်မတီနာယက ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုတရား သူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် အာဇာနည်ဗိမာန်နားနေဆောင်ခန်းမ၌ အာဇာနည် ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်သည်။



ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊  ဗဟိုကော်မတီနာယက ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ  ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာ အောင်၊ ပြည်ထောင်စုဝန်ကြီးများသည် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်း ဆောင်ကြီးများ၏ အထိမ်းအမှတ်ဂူဗိမာန်၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လွမ်းသူ့ပန်းခွေကိုချ၍ အလေးပြုကြပြီး နှစ်မိနစ်ငြိမ်သက်စွာဖြင့် မေတ္တာပို့သအမျှပေးဝေ ကြသည်။



ယင်းအချိန်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တိုင်ဝက်သို့ လျှော့ချလွှင့်ထူပြီးဂုဏ်ပြုတပ်ဖွဲ့ဝင်များက သေနတ် မြှောက်၍လည်းကောင်း၊ စစ်ခရာအဖွဲ့က ကျဆုံးရဲဘော်အလေးပြုခရာမှုတ်၍ လည်းကောင်း အလေးပြုကြသည်။



ထို့နောက် ဗိုလ်ချုပ်အောင်ဆန်း၏သားဖြစ်သူ ဦးအောင်ဆန်းဦးကိုယ်စား တူတော်စပ်သူ ဦးရဲအောင်သန်း၊သမီးဖြစ်သူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင် များက အထိမ်းအမှတ်ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေနှင့် ပန်းခြင်းများချကာ အလေးပြုကြပြီး ဂါရ၀ပြုမေတ္တာပို့သအမျှပေးဝေကြသည်။



ယင်းနောက် ဗဟို ကော်မတီဒုတိယဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိ်ယဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များက ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အထိမ်းအမှတ်ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ အလေးပြုကြသည်။



ဆက်လက်၍ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၊ မြန်မာ နိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး၊ မြန်မာနိုင်ငံ သဘင်ပညာရှင် များအစည်းအရုံး၊ မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပုအစည်းအရုံး(ဗဟို)၊မြန်မာနိုင်ငံ စာပေ ထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း၊ မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့ အပါအဝင် လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စား လှယ်များက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အထိမ်းအမှတ်ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချအလေးပြုကြသည်။



ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများ၊ ဥရောပသမဂ္ဂနှင့် ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် ကိုယ်စားလှယ်များက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အထိမ်းအမှတ်ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ အလေးပြုကြသည်။



ယင်းနောက် ၂၀၁၉ ခုနှစ် (၇၂) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ တက် ရောက်လာကြသည့် ပြည်သူလူထုများက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားကို အောက်မေ့သတိရခြင်းအားဖြင့်   အာဇာနည် ဗိမာန်သို့ တစ်ခဲနက်လာရောက်ဂါရ၀ပြုကြသည်။



အာဇာနည်နေ့အခမ်းအနားကို ပါလီမန်ဒီမိုကရေစီအစိုးရခေတ် ၁၉၅၈ ခုနှစ်တွင် စတင်ကျင်းပခဲ့ရာ ထိုစဉ်က နိုင်ငံတော်သမ္မတမန်းဝင်းမောင် ကလည်းကောင်း၊ တော်လှန်ရေးကောင်စီအစိုးရခေတ် ၁၉၆၃ ခုနှစ်တွင် တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်းကလည်းကောင်း တက်ရောက်ဂါရ၀ပြုခဲ့ပြီးနောက် နှစ်ပေါင်း(၅၀) ကျော်အကြာတွင် ယခုနိုင်ငံတော်သမ္မတဦးဝင်းမြင့် တက်ရောက်ဂါရ၀ပြုခြင်းဖြစ် သည်။