ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီအဆင့်ဆင့်၏ ဒုတိယအကြိမ် မျက်နှာစုံညီအစည်းအဝေး (ဒုတိယနေ့) ကျင်းပ

Printer-friendly versionSend by email

ရန်ကုန် မေ ၉

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အဆင့်ဆင့်၏ ဒုတိယအကြိမ် မျက်နှာစုံညီအစည်းအဝေး (ဒုတိယနေ့)ကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ Lotte ဟိုတယ်တွင် ကျင်းပသည်။

အဆိုပါ ဒုတိယအကြိမ် JMC မျက်နှာစုံညီ အစည်းအဝေးကို မေ ၈ ရက်မှ ၉ ရက်အထိ နှစ်ရက်ကြာ ကျင်းပခဲ့ပြီး အစည်းအဝေးသို့ JMC ကော်မတီအဆင့်ဆင့်ရှိ ကော်မတီဝင် ၁၂၆ ဦးအနက် ၉၇ ဦး တက်ရောက်နိုင်ခဲ့ကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ လုပ်ငန်း များနှင့်ပတ်သက်၍ အားသာချက်၊ အားနည်းချက်များနှင့် စိန်ခေါ်မှုများကို ဆွေးနွေး ခဲ့ပြီး အကောင်းမွန်ဆုံးပုံစံဖြင့် ကျော်လွှားနိုင်မည့် နည်းလမ်းများကို ဆွေးနွေးနိုင်ခဲ့ကြောင်း JMC -U အတွင်းရေးမှူး(၁) ဒေါက်တာရွှေခါးရ်က ပြောသည်။

နှစ်ရက်တာကျင်းပသည့် အစည်းအဝေးတွင် ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-L) များ တိုးချဲ့ဖွဲ့စည်းရေး၊ ဒေသခံ အရပ်သားစောင့်ကြည့်သူ (LCM)များ စတင်ဖွဲ့စည်းနိုင်ရေး၊ JMC အဖွဲ့ဝင် လက်နက်ကိုင် အဖွဲ့အစည်း အချင်းချင်းအကြား ဆက်သွယ်မှုလမ်းကြောင်း ပိုမိုကောင်းမွန်လာစေရေး၊ ရုံးလုပ်ငန်းများ ပိုမိုချောမွေ့စွာလည်ပတ်နိုင်စေရေး တို့ အပါအဝင် JMC အဆင့်ဆင့်၏ လုပ်ငန်းဆောင်ရွက်မှု အသေးစိတ်အခြေအနေများ၊ အောင်မြင်မှုနှင့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်းညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ထို့အပြင် JMC အဖွဲ့ဝင် နှစ်ဖက်လက်နက်ကိုင် တပ်ဖွဲ့ဝင်အချင်းချင်း တွေ့ဆုံ၍ ရင်းနှီးမှု၊ ယုံကြည်မှု တည်ဆောက်သွားရန်၊ တိုင်ကြားစာများနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်မှု အခြေအနေကို ပြည်သူလူထုအား အသိပေးသွားရန်၊ JMC အဖွဲ့ဝင်များနှင့် နည်းပညာ အထောက်အကူပြု ဝန်ထမ်းများအား စွမ်းရည်မြှင့်တင်ရေးသင်တန်းများ ပို့ချသွားရန် စသည့် ရှေ့လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးခဲ့ပြီး ယခုမျက်နှာစုံညီအစည်းအဝေးမှ ဆုံးဖြတ်ချက် ၁၅ ခုနှင့် မှတ်တမ်းနှစ်ခု ချမှတ်နိုင်ခဲ့ကြောင်းသိရသည်။

ယနေ့အစည်းအဝေးသို့ ပြည်ထောင်စုအဆင့်(JMC-U)၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် (JMC-S)၊ ဒေသဆိုင်ရာအဆင့်(JMC-L)တို့မှ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ JMC အဆင့်ဆင့် ၏ နည်းပညာ အထောက်အကူပြုရုံးအဖွဲ့ဝင်များ တက်ရောက်ကြသည်။

အစည်းအဝေးနှင့် ပတ်သက်၍ JMC-U အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ဝဏ္ဏအောင်က “နှစ်ရက်တာ ဆွေးနွေးတဲ့နေရာမှာ အထူးသဖြင့်ကတော့ အားနည်းချက်၊ အားသာချက် အပြင် စိန်ခေါ်မှုလေးတွေလည်း ထည့်ပြီးတော့ ဆွေးနွေးခဲ့တာရှိပါတယ်၊ စိန်ခေါ်မှုတွေ အနေနဲ့ကတော့ JMC-S အချင်းချင်းသော် လည်းကောင်း၊ JMC-L အချင်းချင်းသော် လည်းကောင်း နယ်ဘက်မှာ ဆက်သွယ်မှု ခက်ခဲတာလေးတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းဖို့ နည်းလမ်းလေးတွေ ဆွေးနွေးနိုင်ခဲ့ပါတယ်၊ နောက်တစ်ခုကတော့ ရပ်ကွက်၊ ကျေးရွာအဆင့် ဒေသခံစောင့်ကြည့်သူများအဖွဲ့ ဖွဲ့စည်းရေးကိုလည်း ဆွေးနွေးနိုင်ခဲ့ပါတယ်၊ JMC အဆင့်ဆင့်မှာရှိတဲ့ ကော်မတီဝင်တွေအနေနဲ့ TSC ရုံးဝန်ထမ်းတွေကို စွမ်းရည်မြှင့်တင်မှု ဆိုင်ရာ တည်ဆောက်ရေးနဲ့ပတ်သက်တဲ့ သင်တန်းတွေကိုလည်း ဖွင့်လှစ်ပြီးတက်ရောက် သွားစေဖို့ အဓိက ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်” ဟု မီဒီယာများအား ပြောကြားသည်။

ယနေ့ဆွေးနွေးပွဲအပြီးတွင် နှစ်ရက်ကြာဆွေးနွေးခဲ့မှုများနှင့်ပတ်သက် ၍ မီဒီယာများ၏ မေးမြန်းမှုအပေါ် JMC-U အတွင်းရေးမှူး (၁) ဒေါက်တာ ရွှေခါးရ်က “အဓိကအားဖြင့် ဒီတစ်ခေါက် ကျွန်တော်တို့ ဆွေးနွေးတဲ့အထဲမှာ ထိပ်တိုက်ရင်ဆိုင်မှု ရှောင်ရှားနိုင်အောင် ပထမအနေနဲ့ကတော့  အောက်ခြေတပ်မှူး တွေအချင်းချင်း နားလည်မှု၊ ယုံကြည်မှု၊ ရင်းနှီးမှု ရှိအောင်အတွက် အစည်းအဝေးတွေလုပ်ဖို့ ပြောထားပါတယ်၊ ဒါပေမယ့် ဒီတစ်ခေါက် မှာတော့ ပြန်လည်သုံးသပ်ပြီးတော့ နှစ်ဖက်တပမှူးတွေ၊ ဌာနချုပ်ကနေ လွှတ်လိုက်တဲ့ အဖွဲ့တွေနဲ့ နှစ်ဖက်တွေ့ဆုံနိုင်ဖို့အတွက်ကိုလည်း ဆွေးနွေးခဲ့ပါတယ်၊ အောက်ခြေတပ်မှူး တွေမဟုတ်ဘဲ တကယ့်နှစ်ဖက်တပမှူးတွေ တွေ့ဆုံနိုင်ဖို့ကိုလည်း ဆောင်ရွက်ဖို့ဆုံးဖြတ်နိုင်ခဲ့ ပါတယ်” ဟု ပြောကြားသည်။

အလားတူ နှစ်ဖက်အောက်ခြေတပ်များမှ တပ်မှူးအဆင့်များ တွေ့ဆုံပေးရေးနှင့်ပတ်သက်၍ JMC-U အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီးဝဏ္ဏအောင် ကဖြေကြားရာတွင် “ တပ်မတော် အနေနဲ့ကလည်း ဒါဟာပူးတွဲ ကော်မတီဖြစ်တဲ့အတွက် နှစ်ဖက်ပူးတွဲဆွေးနွေးပါတယ်၊ အဲဒီလိုဆွေးနွေးတဲ့အခါမှာ နှစ်ဖက်တပ်မှူးတွေကို တွေ့ဆုံစေချင်တဲ့ စိတ်ဆန္ဒကတော့ အောက်ခြေမှာ ရင်းနှီးမှုရှိသွားပြီး ယုံကြည်မှုတည်ဆောက်ဖို့ လွယ်သွားအောင်ပါ၊ ရင်းနှီးမှု မရှိရင်လည်း ယုံကြည်မှု မရနိုင်ပါဘူး၊ ဒါကြောင့် တပ်မှူးတွေအချင်းချင်း တွေ့ဆုံနိုင်ဖို့ကို သက်ဆိုင်ရာ JMC-S အစည်းအဝေးတွေပြီးတိုင်း JMC-S အစီအစဉ်နဲ့ ဆောင်ရွက်သွားဖို့ ဆွေးနွေးဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်” ဟု ပြောသည်။

ထို့အပြင် ၎င်းက JMC ၏လုပ်ငန်းများတွင် စွမ်းရည်မြှင့်တင်မှုဆိုင်ရာ တည်ဆောက်ရေးနှင့် ပတ်သက်သည့် သင်တန်းများမှာ အဓိကအားဖြင့် ပါဝင်ကြောင်း၊ အဆိုပါ သင်တန်းများကို JMC ကော်မတီများအား ပေးရမည် ဖြစ်သကဲ့သို့ တစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို လည်း JMC ၏ပြဋ္ဌာန်းချက်များဖြစ်သည့် NCA၊ နှစ်ဖက်လေးစားလိုက်နာရမည့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ (COC)၊ လုပ်ငန်းလမ်းညွှန် (TOR) စသည်တို့ကို မပြတ်ပေးသွားမှာ ဖြစ်ကြောင်း၊ ထို့ကြောင့် လက်ရှိတွင် စွမ်းရည်မြှင့်တင်မှုဆိုင်ရာ တည်ဆောက်ရေးသင်တန်းများကို ပိုမိုအားထည့်ကာ လုပ်ဆောင်သွားခြင်းအားဖြင့် အောက်ခြေအဆင့်အထိ သိရှိပြီး တစ်ဦးနှင့် တစ်ဦး တစ်ဦး COC ပါ စည်းကမ်းများကို ထိန်းသိမ်းနေနိုင်သွားရန် ရည်ရွယ်၍ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း မီဒီယာများ၏ မေးမြန်းမှုအပေါ် ရှင်းလင်းဖြေကြားသည်။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အနေဖြင့် ရှမ်း၊ ကရင် ၊ ပဲခူး၊ မွန်နှင့် တနင်္သာရီ တို့တွင် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) များ၊ ရှမ်းပြည်နယ် လင်းခေးနှင့် ကရင်ပြည်နယ် ဖာပွန်တို့တွင် ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည်ရေးကော်မတီ (JMC-L) များကို ဖွဲ့စည်းထားပြီး ဆက်လက်ဖွဲ့စည်းသွားမည် ဖြစ်သည်။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အဆင့်ဆင့်တွင် ယခုအချိန်ထိ တိုင်ကြားစာ ၄၁၁ စောင်ရှိခဲ့ကာ ဖြေရှင်းဆောင်ရွက်မှုပေါင်း ၃၃၄ စောင်ရှိခဲ့ သည်။ အဆိုပါ တိုင်ကြားစာ များတွင် ပစ်ခတ်တိုက်ခိုက်မှုနှင့်ပတ်သက်သည့် တိုင်ကြားမှုများ အပြင် လက်နက်ကိုင်အဖွဲ့အစည်း အချင်းချင်း အပြန်အလှန် တိုင်ကြားပေးပို့သည့် တိုင်ကြားစာများ၊ ပြည်သူလူထုအား အကာအကွယ်ပေးရေး နှင့် ပတ်သက်၍ ပြည်သူလူထုမှ ပေးပို့သည့် တိုင်ကြားစာများ ပါဝင်ကြောင်း သိရသည်။