ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီအဆင့်ဆင့်၏ ဒုတိယအကြိမ် မျက်နှာစုံညီ အစည်းအဝေး ရန်ကုန်မြို့၌ ကျင်းပ

Printer-friendly versionSend by email

ရန်ကုန် မေ ၈

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အဆင့်ဆင့်၏ ဒုတိယအကြိမ် မျက်နှာစုံညီအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ Lotte ဟိုတယ်၌ ကျင်းပသည်။

မျက်နှာစုံညီအစည်းအဝေးတွင် JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် က JMC သည် NCA ပါ တပ်ပိုင်းဆိုင်ရာ ကိစ္စများကို ပူးတွဲအကောင်အထည်ဖော် ဆောင်ရွက်ရန်ဖြစ်သလို မိုင်းရှင်းလင်းရေး လုပ်ငန်းများအပြင် အခြားဆောင်ရွက်စရာရှိသည့် လုပ်ငန်းများ လုပ်ဆောင်ရန် ကျန်ရှိနေကြောင်းနှင့် ညှိနှိုင်းဆွေးနွေး ဆက်လက်ဆောင်ရွက်သွားရန် တိုက်တွန်းကြောင်း ပြောကြားသည်။

အဆိုပါ မျက်နှာစုံညီအစည်းအဝေးကို မေ ၉ ရက်အထိ နှစ်ရက်တာ ကျင်းပသွားမည်ဖြစ်ပြီး ပြည်ထောင်စုအဆင့် (JMC-U)၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် (JMC-S)၊ ဒေသ ဆိုင်ရာအဆင့် (JMC-L) တို့မှ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ JMC အဆင့်ဆင့်၏ နည်းပညာ အထောက်အကူပြု ရုံးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက် ကြသည်။

JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က “JMC အဆင့်ဆင့်အနေနဲ့ နှစ်ဖက် လက်နက်ကိုင် အဖွဲ့အစည်းတွေကြားမှာ ပစ်ခတ်တိုက်ခိုက်မှု လျော့နည်းအောင် ကြိုးစား ဆောင်ရွက်ခဲ့တဲ့အတွက် အထိုက်အလျောက် အောင်မြင်မှုရရှိတာကို တွေ့ရပါတယ်။

သို့သော်လည်း တချို့နေရာတွေမှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ထိုး ထားတဲ့ အဖွဲ့တွေကြားမှာ အချို့နေရာတွေမှာ ပစ်ခတ်တိုက်ခိုက်မှုရှိလာတာကို တွေ့ရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ JMC-S တွေအတွင်းမှာ နှစ်ဖက်တပ်မှူးတွေ တွေ့ဆုံဖို့ဆိုပြီးတော့မှ ၁၂ ကြိမ်မြောက် JMC-U အစည်းအဝေးမှာ ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ ဒီအပိုင်းနဲ့ ပတ်သက်ပြီး JMC-S မှာဆောင်ရွက်ချက်အားနည်းတာ တွေ့ရတဲ့ အတွက် အစည်းအဝေးပြီးတိုင်း နှစ်ဖက်တပ်မှူးတွေ တွေ့ဆုံပြီးတော့ ယုံကြည်မှု တည်ဆောက်ထားဖို့၊ ပစ်ခတ်တိုက်ခိုက်မှုမရှိအောင် ဆောင်ရွက်သွားဖို့ ဒီနေရာကနေ တိုက်တွန်းပြောကြားလိုပါတယ်။

JMC လုပ်ငန်းတွေ ပိုမိုတိုးတက်အောင်မြင်ဖို့အတွက် ဖွဲ့စည်းထားပြီးသား JMC တွေအနေနဲ့ လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ဖို့ ပဋိပက္ခအများဆုံး ဖြစ်ပေါ်နေတဲ့ ဒေသတွေမှာ JMC-L တွေကို တိုးချဲ့ဖွင့်လှစ်နိုင်ဖို့နဲ့ ဒေသခံအရပ်သား စောင့်ကြည့်သူတွေကို ဖွဲ့စည်းဆောင်ရွက် နိုင်ဖို့အတွက် ဆက်လက်ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။ ဒါကတော့ JMC-S ကနေပြီး တော့ ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် အလေးထား ဆောင်ရွက်ဖို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းလိုပါတယ်။

လက်ရှိ မိမိတို့ရဲ့ JMC ဆောင်ရွက်ပုံဟာ အခြားနိုင်ငံတွေ ဆောင်ရွက်ပုံနဲ့မတူဘဲ သီးခြား ပုံစံအဖြစ် ဖွဲ့စည်းဆောင်ရွက်နေတာဖြစ်ပါတယ်။ တတိယအဖွဲ့အစည်းဖြစ်တဲ့ ကြားနေ စောင့်ကြည့်ရေးအဖွဲ့မှာ အခြားနိုင်ငံက နိုင်ငံခြားသားတွေကို ပါဝင်ခွင့်မပြုထားဘဲ ပဋိပက္ခ ဒဏ်ခံနေရတဲ့ ပြည်သူတွေရဲ့ ကိုယ်စားလှယ်တွေကို ထည့်သွင်းဖွဲ့စည်း ထားတာဖြစ်ပါတယ်။ ဒါကြောင့် အရပ်သားကိုယ်စားလှယ်များ ပါဝင်မှုဟာ အလွန်အရေးကြီးတယ်ဆိုတာကို ပြောကြားလိုပါတယ်။

JMC ဟာ စောင့်ကြည့်ခြင်း၊ စိစစ်အတည်ပြုခြင်း၊ ပဋိပက္ခ ဖြေရှင်းခြင်းကို ဆောင်ရွက် နေတယ်ဆိုတာကို အားလုံးအသိပဲဖြစ်ပါတယ်။ စောင့်ကြည့်ခြင်းနဲ့ ပတ်သက်ပြီးတော့မှ သတ်မှတ်ထားတဲ့ စာချုပ်ရဲ့ ကတိကဝတ်တွေကို သက်ဆိုင်ရာ JMC များအလိုက် စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။ လိုအပ်ရင် စိစစ်အတည်ပြုရေးအဖွဲ့တွေ ဖွဲ့ပြီးတော့မှ စိစစ်အတည်ပြုခြင်းကို ဆောင်ရွက်စေလျက် ရှိပါတယ်။ အဲဒီလို ဆောင်ရွက်နိုင်ရေးအတွက် အများပြည်သူက လေးစားတဲ့ အရပ်သားကိုယ်စားလှယ်တွေကို လိုက်ပါ ဆောင်ရွက်စေတာ ဖြစ်ပါတယ်။ နှစ်ဖက်လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေလည်း ပါဝင်ပြီးတော့ စိစစ် အတည်ပြုရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း အဆင့်ဆင့်ကို ဆောင်ရွက်ရတဲ့အတွက် အဖွဲ့ဝင်အားလုံးက လုပ်ထုံး လုပ်နည်းအဆင့်ဆင့်ကို သိရှိလိုက်နာဖို့ လိုအပ်ပါတယ်။ JMC အဆင့်က ကော်မတီဝင် တွေအနေနဲ့ JMC ဆိုင်ရာ ပြဋ္ဌာန်းချက်များအတိုင်း လုပ်ငန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်တဲ့ နေရာမှာ တွေ့ကြုံရတဲ့ အခက်အခဲနဲ့ ပြုပြင်ပြောင်းလဲရန် လိုအပ်တဲ့ လိုအပ်ချက်တွေကို ပြန်လည် ဆန်းစစ်ပြီး ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးစေ လိုပါတယ်” ဟု နှုတ်ခွန်းဆက်စကားတွင် ထည့်သွင်းပြောကြားသည်။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC) အနေဖြင့် ရှမ်း၊ ကရင်၊ ပဲခူး၊ မွန်နှင့် တနင်္သာရီတို့တွင် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ(JMC-S)များ၊ ရှမ်းပြည်နယ် လင်းခေးနှင့် ကရင်ပြည်နယ် ဖာပွန်တို့တွင် ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-L) များကို ဖွဲ့စည်းထားပြီး ဆက်လက်ဖွဲ့စည်းသွားမည်ဖြစ်သည်။

အစည်းအဝေးတွင် JMC-U ဒုတိယဥက္ကဋ္ဌ စောအိုင်းဇက်ဖိုးက ” ကျွန်တော်တို့ ဖွဲ့စည်းထား တဲ့ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ဟာ သီးခြားပုံစံဖြစ်ပြီး အစုအဖွဲ့ သုံးစုဖြစ်တဲ့ အစိုးရတပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင်အစုအဖွဲ့၊ အရပ်သား အစုအဖွဲ့ဆိုပြီး ဖွဲ့ထားတာ အများက သိပြီးဖြစ်ပါတယ်။ အရပ်သားအစုအဖွဲ့ကိုတော့ ကြားနေအစုအဖွဲ့ အနေနဲ့ အသိအမှတ်ပြုခဲ့ကြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ JMC လုပ်ငန်းလမ်းညွှန် နိဒါန်းမှာ JMC အဆင့်ဆင့်၏ အကောင် အထည်ဖော်ဆောင်မှုဖြင့် လက်နက်ကိုင်ပဋိပက္ခများကို လျော့ကျရပ်စဲစေရန် ဦးတည်၍ နိုင်ငံရေးဆွေးနွေးပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးကို အထောက်အကူပြုရန်လို့ ပါရှိပါ တယ်။  ဘယ်လက်နက်ပဋိပက္ခဖြစ်စဉ်မှာမဆို ပဋိပက္ခချုပ်ငြိမ်းခြင်းအတွက် ယုံကြည်မ တည်ဆောက်ခြင်းဟာ အဓိက ဖြစ်ပါတယ်။

JMC လုပ်ငန်း အောင်မြင်အောင် အကောင်အထည်ဖော်ဖို့အတွက် အစုအဖွဲ့ သုံးဖွဲ့လုံးမှာ တာဝန် ရှိပါတယ်။ JMC လုပ်ငန်း အောင်မြင်မှု၊ ဆုတ်ယုတ်မှုသည် အစုအဖွဲ့ သုံးဖွဲ့လုံးနှင့် သက်ဆိုင်ပါတယ်။ JMC ဆုတ်ယုတ်မှု ရလဒ် အနေနဲ့ နှစ်ဖက် တပ်ဗိုလ်၊ တပ်မှူးများ ထိခိုက်ကျဆုံးစေမည်ဖြစ်သလို အထူးသဖြင့် နယ်မြေခံလူထုမှာလည်း စစ်ရှောင်ဒုက္ခသည် အနေဖြင့် အတိဒုက္ခရောက်ရတယ်ဆိုတာ လက်တွေ့ဖြစ်စဉ် တွေကနေ ဖော်ပြနေပါတယ်။ ဒါကိုလည်း အထူးသတိမူရမှာ ဖြစ်ပါတယ်။ စစ်ပွဲတွေ ရပ်ဆိုင်းပြီးနောက် အားလုံးသော လက်နက်ကိုင်အဖွဲ့များ NCA မှတစ်ဆင့် JMC အတွင်း ပါဝင်နိုင်ဖို့နဲ့ JMC အကောင် အထည်ဖော်မှုများမှာ အားလုံးယုံကြည်စိတ်ချစွာ ပါဝင်လာအောင် ဆက်လက် ကြိုးစားရမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC) အဆင့်ဆင့်တွင် ယခုအချိန်ထိ တိုင်ကြားစာ ၄၁၁ စောင်ရှိခဲ့ကာ ဖြေရှင်းဆောင်ရွက်မှုပေါင်း ၃၃၄ စောင် ရှိကြောင်း အဆိုပါ စုံညီ အစည်းအဝေးမှ သိရသည်။

JMC-U ဒုတိယဥက္ကဋ္ဌ(၂) ဦးပြည့်စုံက “ JMC ဖွဲ့စည်းပြီးနောက် ရည်မှန်းချက်ဖြစ်တဲ့ လုပ်ငန်းတွေ အကောင်အထည်ဖော်တာ ဒေသအလိုက် အချို့နေရာတွေမှာ ပစ်ခတ် တိုက်ခိုက်မှုလျော့နည်းပြီး အချို့နေရာတွေမှာ လုံး၀ပျောက်ကွယ်သွားပါတယ်။ အချို့နေရာ တွေမှာတော့ အောက်ခြေမှာ ထိတွေ့မှု လေးတွေရှိတာ တွေ့နေရပါတယ်။ အောက်ခြေမှာ ထိတွေ့မှုလေးတွေကို အလွန်စိုးရိမ်စရာမလိုသလို ပေါ့ပေါ့တန်တန် သဘောထားလို့ မရပါဘူး။ JMC အဆင့်ဆင့်မှာ တာဝန်ထမ်းဆောင်နေတဲ့ အရပ်သား ကိုယ်စားလှယ်တွေ စည်းလုံးညီညွတ်ဖို့ လိုပါတယ်။ နှစ်ဖက်အဖွဲ့အစည်းကြားမှာ ဘက်မလိုက်ဘဲ သမာ သမတ်ရှိရှိ နေထိုင်သွားဖို့လိုပါတယ်။ ယုံကြည်မှုရအောင် တစ်ဦးနဲ့တစ်ဦး ရင်းနှီးအောင် ဖန်တီးပေးတာမျိုး အဆက်အသွယ် မပျက်အောင် စီမံပေးတာမျိုး ဆောင်ရွက်ပေးပါ။ ဒါဟာ ချစ်ခင်ရင်းနှီးတာကနေ ယုံကြည်မှုတည်ဆောက်နိုင်အောင် စီစဉ်ခြင်းပဲဖြစ်ပါတယ် “ ဟု ပြောသည်။

အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနှင့် အရပ်သားကိုယ်စားလှယ်များ အဖွင့် နှုတ်ခွန်းဆက် စကားများ ပြောကြားပြီးနောက် JMC-S ရှမ်း၊ JMC-L လင်းခေး၊ JMC -S ကရင်၊ JMC-L ဖာပွန်၊ JMC-S ပဲခူး၊ JMC-S မွန်၊ JMC-S တနင်္သာရီတို့က အစဉ်လိုက် နှုတ်ခွန်းဆက်သည်။

ယနေ့ကျင်းပသည့် JMC မျက်နှာစုံညီအစည်းအဝေးတွင် JMC အဆင့်ဆင့်၏ နှစ်နှစ် တာကာလ လုပ်ငန်း ဆောင်ရွက်မှု မှတ်တမ်းဗီဒီယိုကို ပြသပြီးနောက် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တွေ့ရှိရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများအပေါ် ကျော်လွှားစေနိုင်မည့် နည်းလမ်းများကို အကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။