မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ

Printer-friendly versionSend by email

ရေး မေ ၆

မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (ဒုတိယနေ့) အဖြစ် အစုအဖွဲ့အလိုက် ဆွေးနွေးခြင်းများကို ယနေ့တွင် မွန်ပြည်နယ်ရေးမြို့နယ်ရှိ သတ်မှတ်နေရာများ၌ ဆက်လက်ကျင်းပသည်။

 

ဆွေးနွေးပွဲ ဒုတိယနေ့တွင် နိုင်ငံရေးကဏ္ဍအား အခြေခံမူ ၁၀ ချက်ကို အခြေခံ၍ အဆိုပြု ဆွေးနွေးခြင်းများကို ရေးမြို့ ပြည်သူ့အားကစားရုံ၌ လည်းကောင်း၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် အခြေခံရမည့် လူမှုရေးကဏ္ဍအား အခြေခံမူသုံးချက်ကို အခြေခံ၍ အဆိုပြုဆွေးနွေးခြင်းများကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ လည်းကောင်း၊ ဖက်ဒရယ် စီးပွားရေးဆိုင်ရာကဏ္ဍအား အခြေခံမူ ၁၀ ချက်ကို အခြေခံ၍ အဆိုပြု ဆွေးနွေးခြင်း များကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ လည်းကောင်း၊မြေယာနှင့် သဘာဝ ပတ်ဝန်းကျင်ကဏ္ဍအား အခြေခံမူသုံးချက်ကို အခြေခံ၍ အဆိုပြု ဆွေးနွေးခြင်းများကို တစ်ပလ္လင်နှစ်ဆူဓမ္မာရုံ၌လည်းကောင်း ကိုယ်စားလှယ်အသီးသီးတို့က အစုအဖွဲ့ အလိုက် ဆွေးနွေးခဲ့ကြသည်။

 

ယင်းဆွေးနွေးပွဲကို မေ ၅ ရက်မှစတင်ကာ သုံးရက်ကြာ ကျင်းပလျက်ရှိပြီး အစုအဖွဲ့အသီးသီးမှ ဆွေးနွေးပွဲ ကိုယ်စားလှယ်တော် ၅၀၀ တို့တက်ရောက်ကာ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) မှ သတ်မှတ်ထားသည့် ဆွေးနွေးမှုကဏ္ဍလေးရပ်ကို သက်ဆိုင်ရာ အစုအဖွဲ့များအလိုက် ပေါင်းစပ်အဆိုပြု ဆွေးနွေးကြခြင်း ဖြစ်ကြောင်း သိရသည်။