ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (၁၅)ကြိမ်မြောက် အစည်းအဝေးကျင်းပ

Printer-friendly versionSend by email

ဘားအံ ဧပြီ ၂၄

လက်နက်ကိုင်ပဋိပက္ခများ လျော့ကျရပ်စဲစေရန်၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ထိန်းသိမ်းစောင့်ကြည့်ပေးသည့်ယန္တရားတစ်ခု အကောင်အထည်ဖော်နိုင်ရန်၊ ပဋိပက္ခဒေသများရှိ ပြည်သူလူထုကို အကာအကွယ်ပေးနိုင်ရန်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အထောက်အကူပြုစေရန်၊ နိုင်ငံရေးဆွေးနွေးပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးကိုအထောက်အကူပြုစေရန် ရည်ရွယ်ဖွဲ့စည်းထားသည့် ကရင်ပြည်နယ်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ၏ (၁၅) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်၁၀ နာရီက ဘားအံမြို့ အမှတ် ၄ ရပ်ကွက်သီရိလမ်းရှိ JMC-S ရုံး၌ ကျင်းပသည်။

အစည်းအဝေးတွင် JMC-S(ကရင်) ဒုတိယဥက္ကဋ္ဌ (၁) စောဖောဒို၊ဒုတိယဥက္ကဋ္ဌ(၂) ဦးစောခရစ္စတိုဖာတို့က နှုတ်ခွန်းဆက်အမှာစကား ပြောကြားကြပြီး အစည်းအဝေးသို့ တက်ရောက်လာသူများက JMC ဆိုင်ရာလုပ်ငန်းများအား ဆွေးနွေးအတည်ပြုခဲ့ကြသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များသည်၁၄ ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်မှုများ၊ တိုင်ကြားစာ၊ ကန့်ကွက်စာ၊ အကြောင်းကြားစာများနှင့်ဖြေရှင်းချက်များကို ရှင်းလင်း တင်ပြကြပြီး ရပ်ကွက်၊ ကျေးရွာများတွင်စောင့်ကြည့်ရေးလုပ်ငန်းများ ဆောင်ရွက်မည့် နှစ်ဖက်လက်ခံသည့် ဒေသခံ(LCM)ဖွဲ့စည်းမှုနှင့် ပတ်သက်၍လည်းကောင်း၊ ရုံးပိုင်းဆိုင်ရာကိစ္စရပ်များအားလည်းကောင်း ဆွေးနွေးခဲ့ကြကာ ဒုတိယဥက္ကဋ္ဌနှစ်ဦးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။