UPDJC အတွင်းရေးမှူးအဖွဲ့အစည်းအဝေးကျင်းပ

Printer-friendly versionSend by email

 

 

နေပြည်တော် ဖေဖော်ဝါရီ ၂၆

 

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အတွင်းရေးမှူး အဖွဲ့ အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် အစည်းအဝေး အစီအစဉ်များအတည်ပြုခြင်း၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးပြီးသည့် မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး( LDU)ကိုယ်စားလှယ်များ ကိစ္စ၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေး ပွဲများ ကျင်းပရေးကိစ္စ၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အစည်းအဝေးအစီအစဉ် ကိစ္စ၊လုပ်ငန်းကော်မတီကိစ္စနှင့် လူထုတွေ့ဆုံပွဲ ကိစ္စရပ်များကိုဆွေးနွေးကြသည်။

 

ထို့နောက် တက်ရောက်လာကြသူများက တင်ပြချက်များအပေါ် ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။

 

အစည်းအဝေးသို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးခင်ဇော်ဦး၊ ဦးဇော်ဌေး၊ ဦးလှမောင်ရွှေ၊ဦးအောင်စိုး၊ ဗိုလ်ချုပ်စိုးနိုင်ဦး၊ ဗိုလ်မှူးချုပ်စိန်ထွန်းလှ၊ပဒိုစောတာဒိုမှူး၊ ဦးစိုင်းငင်း၊ ဦးမျိုးဝင်း၊ ခွန်မြင့်ထွန်း၊ စောမြရာဇာလင်း၊ စိုင်းကျော်ညွန့်၊ မင်းကျော်ဇေယျာဦး၊ တာလှဖေ၊ဦးမြင့်စိုး၊ ဦးနိုင်ငံလင်း၊ စောကျော်ညွန့်၊ စိုင်းကျော်ညွန့်၊မွန်ပြည်သစ်ပါတီမှ နိုင်အောင်မငေးနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးမှ နာဗစ်ဘွန်တို့ တက်ရောက်ကြသည်။