တိုက်ပွဲရှောင်ပြည်သူများအား ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိ

Printer-friendly versionSend by email

နေပြည်တော် မတ် ၉



MNDAA လက်နက်ကိုင်အဖွဲ့၏ ဝင်ရောက် တိုက်ခိုက်မှုကြောင့် လောက် ကိုင်ဒေသမှ တိမ်းရှောင်ထွက်ပြေးလာသည့် တိုက်ပွဲရှောင် ပြည်သူ အိမ်ထောင်စု ၅၉၃ စု၊ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၁၇၇၄ ဦးတို့သည် လားရှိုးမြို့၊ သီပေါ မြို့၊ နမ္မတူမြို့၊ မူဆယ်မြို့နှင့် ကွတ်ခိုင် မြို့များရှိ တိုက် ပွဲရှောင်စခန်း ၁၁ ခုသို့ ရောက်ရှိလျက်ရှိပြီး ယင်းတိုက် ပွဲရှောင် ပြည်သူများ အား ပြည်နယ်အစိုးရအဖွဲ့၊ ဒေသခံပြည်သူများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်း များ၊ ပရဟိတအဖွဲ့အစည်းများက လိုအပ်သည့် ကူညီထောက်ပံ့မှု များ ဆောင်ရွက်ပေး လျက်ရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်ထားသည်။