ငြိမ်းချမ်းရေး

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ၏ လုပ်ငန်းကော်မတီအစည်းအဝေးများ ကျင်းပ

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ၏ လုပ်ငန်းကော်မတီအစည်းအဝေးများ ကျင်းပ

အချို့အကြံပြုချက်များသည် ဖက်ဒရယ်စနစ်၊ ဒီမိုကရေစီစနစ်တို့နှင့် ဆန့်ကျင်သော၊ ပြည်ထောင်စုစနစ်နှင့် ကွဲလွဲသော၊ ဒို့တာဝန်အရေး ၃ ပါးကို ဦးမတည်သော အကြံပြုချက်များ တွေ့ရှိရသည့်အတွက် ချန်လှပ်ထားရခြင်းဖြစ်ပါတယ်

အချို့အကြံပြုချက်များသည် ဖက်ဒရယ်စနစ်၊ ဒီမိုကရေစီစနစ်တို့နှင့် ဆန့်ကျင်သော၊ ပြည်ထောင်စုစနစ်နှင့် ကွဲလွဲသော၊ ဒို့တာဝန်အရေး ၃ ပါးကို ဦးမတည်သော အကြံပြုချက်များ တွေ့ရှိရသည့်အတွက် ချန်လှပ်ထားရခြင်းဖြစ်ပါတယ်

ရှမ်းပြည်နယ်ဒေသအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ်ဒေသအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို တောင်ကြီးမြို့ မြို့တော်ခန်းမရှေ့ ၌ ယနေ့နံနက် ၉ နာရီတွင် စတင်ကျင်းပသည်။

ငြိမ်းချမ်းရေးရန်ပုံငွေ ထည့်ဝင်လှူဒါန်းသည့် ပြည်သူများသို့ ကျေးဇူးတင်လွှာ

ငြိမ်းချမ်းရေးရန်ပုံငွေ ထည့်ဝင်လှူဒါန်းသည့် ပြည်သူများသို့ ကျေးဇူးတင်လွှာ

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီအတွင်းရေးမှူးအဖွဲ့ အစည်းအဝေးကျင်းပ

ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC)၏ လုပ်ငန်းကော်မတီများမှ ညှိနှိုင်းမှု ရလဒ်များကို သုံးသပ်နိုင်ရန်နှင့် ရှေ့လုပ်ငန်းစဉ်များ ရေးဆွဲနိုင်ရေးအတွက် ပူးတွဲ ကော်မတီ အတွင်းရေးမှူး အဖွဲ့အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ ကျင်းပသည်။

တိုင်းပြည်ကို ငြိမ်းချမ်းအောင်လုပ်ရမယ့် လုပ်ငန်းစဉ်ထဲမှာ လူထုအသံကလည်း အရေးကြီးပါတယ်

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)၏ လုပ်ငန်းကော်မတီ အစည်းအဝေးများကို မတ် ၈ ရက်မှ ၁၀ ရက်အထိ နေပြည်တော် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ ကျင်းပခဲ့သည်။

အဆိုပါ လုပ်ငန်းကော်မတီအစည်းအဝေးများ နှင့်စပ်လျဉ်း၍ ပူးတွဲကော်မတီ အတွင်းရေးမှူးအဖွဲ့ ၏ အစည်းအဝေးကိုလည်း ယနေ့နံနက်ပိုင်းတွင် ဆက်လက်ကျင်းပခဲ့ရာ အစည်းအဝေးတွင် ပါဝင်ဆွေးနွေးကြသူများ၏စကားသံများကို ယခုလိုကြားသိရသည် -

အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမှာ တင်ပြလာတဲ့စာတမ်းတွေကို အခြေခံ၍ တူညီတာတွေ၊ မတူညီတာတွေကို ခွဲခြားပြီး ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီကို တင်ပြနိုင်ဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) ၏ လုပ်ငန်းကော်မတီများ အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာ

“ရှမ်းပြည်နယ်၊ လောက်ကိုင်ဒေသအတွင်း တိုက်ခိုက်မှုများနှင့် စပ်လျဉ်းသည့်ထုတ်ပြန်ကြေညာချက်”

“ရှမ်းပြည်နယ်၊ လောက်ကိုင်ဒေသအတွင်း တိုက်ခိုက်မှုများနှင့် စပ်လျဉ်းသည့်ထုတ်ပြန်ကြေညာချက်”

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီအဖွဲ့ဝင် အဖွဲ့အစည်းများအဆိုပြုထားသည့် အဆိုပြုချက်(၉) ချက် သဘောတူညီချက်ရရှိ

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီအဖွဲ့ဝင် အဖွဲ့အစည်းများအဆိုပြုထားသည့် အဆိုပြုချက်(၉) ချက် သဘောတူညီချက်ရရှိရန်ကုန် မတ် ၃

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတည်ထောင်ရန်နှင့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် ပြန်လည် သုံးသပ်ဆုံးဖြတ်အတည်ပြုရာတွင် ပါဝင်နိုင်ရေးအတွက်တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA)ချုပ်ဆိုထားခြင်းမရှိသေးသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC) အဖွဲ့ဝင် အဖွဲ့အစည်းများအဆိုပြုထားသည့် အဆိုပြုချက်(၉)ချက်အား အစိုးရ ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆွေးနွေးခဲ့ပြီး မူအားဖြင့် သဘောတူညီခဲ့ကြောင်းသိရသည်။

ငြိမ်းချမ်းရေးကော်မရှင်နှင့် ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (UNFC)မှ ဖွဲ့စည်းထားသည့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့(DPN)တို့၏ စတုတ္ထအကြိမ် အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)တွင် ပြုလုပ်သည်။

ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက “အခုက စတုတ္ထအကြိမ် အစည်းအဝေးလို့ ပြောပေမယ့် ကျွန်တော်တို့ တွေ့တာခြောက်ကြိမ်၊ ခုနစ်ကြိမ် လောက်ရှိပါပြီ။ အထူးသဖြင့် နိုင်ငံတကာအဖွဲ့အစည်း တွေကလည်း မနေ့က DPN က ခေါင်းဆောင်တွေလုပ်တဲ့ PRESS ကို လာကြည့်တယ်။ တိုးတက်မှုအတွက် ဝမ်းသာကြပါတယ်။ လူမှုအဖွဲ့အစည်းတွေဘက်ကလည်း ဝမ်းသာနေ ကြပါတယ်။ ဒီဖြစ်စဉ်လေးကို ကျွန်တော်တို့ တိုးတက်သည်ထက်တိုးတက်အောင် နောက်ဆုံးပန်းတိုင် အထိရောက်အောင်သွားကြဖို့ ဆုံးဖြတ်ထားပါတယ်။ ဒီနေ့ ဆွေးနွေးပွဲမှာလည်း ကျွန်တော်တို့ ရည်မှန်းချက် ပန်းတိုင်ဖြစ်တဲ့ ငြိမ်းချမ်းရေးအတွက် နှစ်ဖက်အကျိုးရှိနိုင်တဲ့ကိစ္စ တွေကိုလည်း ဖြေရှင်းနိုင်ပါစေ” ဟု နှုတ်ခွန်းဆက်ပြောကြားသည်။

ဆက်လက်၍ DPN အဖွဲ့ခေါင်းဆောင် ခူဦးရယ်က“ ကျွန်တော်တို့အနေနဲ့ ငြိမ်းချမ်းရေးခရီးစဉ်အတွက် ကြိုးပမ်း နေတာအစအဆုံးပြောမယ်ဆိုရင် ခြောက်နှစ်ဝန်းကျင် ရှိပါပြီ။ ကျွန်တော်တို့တွေ စားပွဲဝိုင်းပေါ်မှာ ဘာတွေပြောကြ သလဲ။ ဘာတွေလုပ်ကြသလဲဆိုပြီး ဘေးကကြည့်နေကြတဲ့ ပြည်သူတစ်ရပ်လုံးလည်း စိတ်ပင်ပန်း လောက်ပြီလို့ ကျွန်တော်နားလည်ပါတယ်။ တကယ့်လက်တွေ့အခြေအနေမှာ တကယ်ပဲ စိတ်ချမ်းသာလောက်တဲ့ အခြေအနေ ကိုမဖန်တီးပေးနိုင်တာ ကျွန်တော်တို့ရဲ့ အားနည်းချက်လို့ ကျွန်တော် ထင်ပါတယ်။ လက်တွေ့နဲ့ အပြင်မှာတကယ်ပဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သူတို့ဘ၀ အခြေအနေကို လုံလုံခြုံခြုံနဲ့ တည်ဆောက်နိုင်ဖို့အတွက် ဘေးကင်းလုံခြုံတဲ့ ပတ်ဝန်းကျင်အခြေအနေကို ဖော်ဆောင်ပေးနိုင်ဖို့ ကျွန်တော်တို့အားလုံးတာဝန်ရှိတယ်လို့ နားလည်ပါတယ်။

ကျွန်တော်တို့ ကြားထဲမှာရှိနေဆဲ အဖုအထစ်လေးတွေကို နှစ်ဦးနှစ်ဖက် အပြန်အလှန်အလျှော့အတင်း သဘောမျိုးနဲ့ ညှိနှိုင်းဆောင်ရွက်ရင်တော့ အဖြေဆိုတာ ရှိစမြဲပဲဆိုတာ ကျွန်တော်တို့ သိပြီးဖြစ်ပါတယ်။ အဲဒီ အတွက် ကျွန်တော်တို့အနေနဲ့ သဘောထားကြီးဖို့ လိုပါတယ်။ စိတ်ရှည်ဖို့လိုပါတယ်။ စိတ်ရင်းစေတနာ မှန်ကန်ဖို့ လိုပါတယ်။ ဒီနေရာမှာ ယုံကြည်မှုက အရေးကြီးပါတယ်။ ယုံကြည်မှုရပြီးမှ တစ်ခါတစ်ရံ အခန့်မသင့်တဲ့အကြောင်း တစ်ခုခုကြောင့် ယုံကြည်မှုပျက်ပြားစေတဲ့ အရာတွေလည်း ကြုံခဲ့ရတာရှိပါတယ်။ ဒီနေ့ကတော့ နည်းလမ်းပေါင်းစုံ ကနေပြီး နှစ်ဦးနှစ်ဖက် ပွင့်ပွင့်လင်းလင်း အပြန်အလှန် ညှိနှိုင်းအဖြေရှာ ကြမယ်ဆိုရင် မကြာခင်မှာ ကျွန်တော်တို့ မျှော်လင့်တဲ့ ရလဒ်ကောင်းတစ်ခု ရလာနိုင်မယ်” ဟုပြောကြားသည်။

ယင်းနောက် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)အဖွဲ့ဝင် အဖွဲ့အစည်းများ၏ အဆိုပြုချက်နှင့် အထွေထွေကိစ္စရပ်များအား ငြိမ်းချမ်းရေး ကော်မရှင်နှင့် DPN တို့ ဆက်လက်ဆွေးနွေးသည်။ ဆွေးနွေးပွဲအပြီးတွင် ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ(UNFC)အဖွဲ့ဝင် အဖွဲ့စည်း များ၏ အဆိုပြုချက် (၉)ချက်ကို မူအားဖြင့် သဘောတူညီ နိုင်ခဲ့ကာ အစိုးရကိုယ်စားလှယ်အဖြစ် ဦးဇော်ဋ္ဌေးနှင့် DPN အဖွဲ့ ခေါင်းဆောင် ခူဦးရယ်တို့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး မီဒီယာများ ၏မေးမြန်းချက်ကို ပြန်လည်ဖြေကြား သည်။

ယနေ့ဆွေးနွေးပွဲသို့ အစိုးရကိုယ်စားလှယ်အဖြစ် ဒေါက်တာတင်မျိုးဝင်း၊ ဦးသိန်းဇော်၊ ဦးခင်ဇော်ဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်၊ ဒေါက်တာအောင်ထွန်းသက်၊ ဦးနိုင်ငံလင်း၊ ဦးအောင်စိုး၊ ဦးဇော်ဌေး၊ ဒေါက်တာမင်းဇော်ဦး၊ ဦးလှမောင်ရွှေတို့ တက်ရောက်ပြီး နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့(DPN)မှ ခူဦးရယ်၊ ဒေါက်တာ နိုင်ရွှေသိန်း၊ နိုင်အောင်မငေး၊ ဦးမင်းထွန်း၊ တာ့ညီလူတို့ တက်ရောက်ကြသည်။

ငြိမ်းချမ်းရေးကော်မရှင် (Peace Commission)နှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (Delegation for Political Negotiation ) စတုတ္ထအကြိမ် အစည်းအဝေးအပြီးတွင် သတင်းထုတ်ပြန်ချက် တစ်ရပ် ထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက်တွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ရန်ကုန်မြို့၌ ကျင်းပသည့် ငြိမ်းချမ်းရေးကော်မရှင်(ဏဃ)နှင့်နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ (DPN) တို့၏ စတုတ္ထအကြိမ် အစည်းအဝေးတွင် ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် အဖွဲ့အစည်းများ၏ အဆိုပြုချက် (၉)ချက်အပေါ် ဆွေးနွေးခဲ့ကြ ကြောင်း။

ယင်းအဆိုပြုချက် (၉)ချက်အား ဆွေးနွေးရာတွင် ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး နှစ်ဖက် လက်ခံနိုင် သောအချက် (၉)ချက်ကို မူအားဖြင့် သဘောတူညီခဲ့ကြကြောင်း။

အဆိုပြုချက် အမှတ်(၃)အား နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးတွင် လည်းကောင်း၊ အဆိုပြုချက် အမှတ်(၅)အား ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ အစည်းအဝေးတွင်လည်းကောင်း ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြကြောင်း။ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပါဝင်သင့်ပါဝင်ထိုက်သည့် အဖွဲ့အစည်းများ ပါဝင်နိုင်ရေး နှစ်ဖက်ကြိုးပမ်း ဆောင်ရွက် သွားရန်နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံအစည်းအဝေးသို့ ပါဝင် တက်ရောက်နိုင်ရေးညှိနှိုင်း ဆောင်ရွက် သွားရန် သဘောတူညီခဲ့ကြကြောင်း ဖော်ပြထားသည်။

လုံခြုံရေးကဏ္ဍဆိုင်ရာအတွက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) တွင် ပါဝင်သည့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

လုံခြုံရေးကဏ္ဍဆိုင်ရာအတွက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) တွင် ပါဝင်သည့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

Pages