မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ တပ်ရင်းမှူးအဆင့် တွေ့ဆုံဆွေးနွေး နယ်စပ်မျဉ်းအနီး နေထိုင်သူများကိစ္စ မြန်မာဘက်မှ တရားဝင်ကန့်ကွက်

Printer-friendly versionSend by email

နေပြည်တော် မေ ၂၁

နှစ်နိုင်ငံ နယ်စပ်မျဉ်းအနီး နေထိုင်ခွင့်မရှိသောနေရာတွင် လူဦးရေ၊ အိမ်ထောင်စုများ တရားမဝင်တိုးပွားလာမှုကို သတင်းဖလှယ်မှုမရှိခြင်းသည် နှစ်နိုင်ငံအကြား ချုပ်ဆိုထားသော နယ်နိမိတ်စာချုပ်ပါ သတ်မှတ်ချက်များကို ချိုးဖောက်ရာရောက်သဖြင့် မြန်မာနိုင်ငံဘက်မှ တရားဝင်ကန့်ကွက်ကြောင်းနှင့် ARSA အကြမ်းဖက်အဖွဲ့များ ရောနှောဝင်ရောက်လာကြောင်းသိရသဖြင့် ကာကွယ်တားဆီးပေးရန် လိုအပ်ကြောင်း၊ မေ ၁၆ ရက် မွန်းလွဲပိုင်းက မြန်မာဘက်ခြမ်း (တောင်ပြို-ဝဲဝင်ထွက်တံတားအနီးရှိ ရှင်းလင်းဆောင်၌ ကျင်းပခဲ့သည့် မြန်မာဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတပ်ရင်းမှူးအဆင့် တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှူးက ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲ၌ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် တပ်ရင်းမှူးက ပြန်လည်ဆွေးနွေးရာတွင် ၂၀၁၇ ခုနှစ် ဖြစ်စဉ် ဖြစ်ပွားပြီး ပြောင်းရွှေ့ဒုက္ခသည်များ ယခုအချိန်အထိ နယ်နိမိတ်မျဉ်းအနီးတွင် နေထိုင်လျက်ရှိကာ ၎င်းတို့ဘက်မှ ထောက်ပံ့ပေးခဲ့မှုများ မရှိပါကြောင်း၊ နှစ်နိုင်ငံနယ်နိမိတ်မျဉ်းအနီး အဆောက်အအုံနှင့်ပတ်သက်၍ နယ်စပ်ရေးရာကိစ္စဖြစ်သဖြင့် ပူးပေါင်းဆောင်ရွက်ရန် ရှိပါကြောင်း၊ သို့ရာတွင် နေရပ်စွန့်ခွာသူများမှာ ကမ္ဘာ့အဖွဲ့အစည်းများမှ ထောက်ပံ့ပေးမှုကြောင့် ရပ်တည်၍ရနေခြင်းဖြစ်ပါကြောင်း၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီပေးမှုများအဖြစ် ကမ္ဘာ့အဖွဲ့အစည်းများက ထောက်ပံ့ပေးခြင်းဖြစ်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ကန့်ကွက်၍မရပါကြောင်းပြောကြားသည်။

ဆက်လက်၍ နှစ်နိုင်ငံ နယ်စပ်တည်ငြိမ်အေးချမ်းရေးအတွက်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိ်သည်။