ကချင်ပြည်နယ်အတွင်း တပ်မတော်၏စစ်ဆင်ရေးလုပ်ခဲ့ရသည့်အကြောင်းနှင့် နေရပ်ခေတ္တစွန့်ခွာနေကြသူများအတွက် ဆောင်ရွက်ပေးနိုင်မည့်အခြေအနေများကို သတင်းမီဒီယာအဖွဲ့ မေးမြန်းသတင်းယူ

Printer-friendly versionSend by email

ရန်ကုန် မေ ၁၂

ကချင်ပြည်နယ်သို့ သွားရောက်ခဲ့သည့် သတင်းမီဒီယာအဖွဲ့သည် မေ ၁၁ ရက်က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်တေဇကျော်အား သွားရောက်တွေ့ဆုံ၍ ကချင်ပြည်နယ် အတွင်း စစ်ဆင်ရေးလုပ်ခဲ့ရသည့် အကြောင်းရင်း၊ တပ်မတော်၏ သဘောထားနှင့် နေရပ်ကိုခေတ္တစွန့်ခွာ၍ နေထိုင်လျက်ရှိသည့် ကျေးရွာသူ ကျေးရွာသားများအတွက် ဆောင်ရွက်ပေးနိုင်မည့် အခြေအနေတို့ကို မေးမြန်းခဲ့သည်။

နယ်မြေရှင်းလင်းမှုလုပ်

တိုင်းမှူးက ''နယ်မြေအတွင်းမှာ ကျွန်တော်တို့ စစ်ဆင် ရေးဆောင်ရွက်တယ်၊ ပုံမှန်အားဖြင့် စစ်ဆင်ရေးက နယ်မြေ ထိန်းသိမ်းတဲ့ သဘောအနေအထားနဲ့ ရှင်းတာပါ၊ KIA အနေနဲ့ တနိုင်းဘက်မှာ ကျွန်တော်တို့ ပုံမှန်အုပ်ချုပ်မှုလုပ်နေတဲ့တပ်ကို ချောင်းမြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ကျွန်တော်တို့ စစ်သည် တွေ ထိခိုက်ဒဏ်ရာရလာတာတွေ ရှိလာလို့ ကျွန်တော်တို့ နယ်မြေရှင်းလင်းမှုလုပ်ပါတယ်၊ အလားတူ ကဆုန့်ဘက်မှာ လည်း နမ္မတီး၊ မိုးကောင်း၊ မိုးညှင်းဘက်နေရာတွေမှာ ဝင်ပြီး တော့ သူတို့တွေ ဆက်ကြေးကောက်တယ်၊ လူတွေအတင်း အဓမ္မဖမ်းဆီးတယ်၊ တိုက်ခိုက်မှုအားလုံးကKIA အဖွဲ့ အနေနဲ့ စတင်ပြီး တိုက်ခိုက်လို့ ကျွန်တော်တို့က တုံ့ပြန်ပြီး ရှင်းလင်းတာ ဖြစ်ပါတယ်၊ စစ်ရဲ့သဘောသဘာဝက ပြန်လည်မတုံ့ပြန်နိုင် အောင် အတွင်းထဲအထိ ရှင်းလင်းရတာ ရှိပါတယ်၊ ရှင်းလင်းတဲ့ အခါမှာ အရပ်သားတွေ ထိခိုက်ဒဏ်ရာရတယ်ဆိုပြီး ပြောတာ တွေရှိပါတယ်၊ အောင်လော့ဒ်မှာ ရွာသားတစ်ယောက်သေတယ် ဆိုပြီး ပြောတယ်၊ တကယ်တမ်းကျတော့ သေတယ်ဆိုတဲ့ သူဟာ တပ်မဟာ စခန်း (ထဲမှာ ရှိနေသူဖြစ်ပါတယ်၊တိုက်ပွဲတွေ ဖြစ်နေပါတယ်ဆိုတာကို လက်နက်ကိုင်အဖွဲ့နဲ့အတူ တပ်မဟာ (ထဲမှာ သွားနေတော့ ရွာသားလား၊ တစ်ဖက်အဖွဲ့အစည်းလား ဆိုတဲ့ အဖြေကရှင်းနေပါတယ်'' ဟုပြောကြားသည်။

အရေးယူခံရမည်ဖြစ်

KIAအဖွဲ့သည် ဘာသာရေးအဖွဲ့အစည်းအချို့နှင့် ဆက်နွှယ်မှုရှိနေပြီး တပ်မတော်အနေဖြင့် သက်သေအထောက် အထားများရှိကြောင်း  နောင်အခါတွင် တရားဥပဒေပုဒ်မ ၁၇/ နှင့် အရေးယူခံရမည်ဖြစ်ကြောင်း တိုင်းမှူးက ပြောကြား သည်။

''အချို့သောဘာသာရေးအဖွဲ့ပေါ့၊ သူတို့ဝင်လာရင် ရွာသား တွေ မလုပ်ရဲ  မကိုင်ရဲ  မပြောရဲ  မဆိုရဲ ဖြစ်တာတွေ ကျွန်တော် တို့ တွေ့ရတယ်၊ ဥပမာ-အောင်လော့ဒ်ဆိုရင် ရွာသားတွေ ဝင်လာ ပြီးတော့ တနိုင်းကို သတင်းပို့တယ်၊ အောင်လော့ဒ်မှာ ပျက်စီးမှု မရှိဘူးဆိုတာ အခုရောက်ခဲ့တဲ့ သတင်းသမားတွေ အသိပဲ၊ ဖျက်ဆီးထားတာလည်း မရှိဘူး၊ တိုက်ပွဲဖြစ်တဲ့ အခါမှာတောင် ကျွန်တော်တို့က ရွာထဲကို လုံးဝမပစ်ဘဲ ရန်သူ့နယ်မြေနဲ့စခန်းကိုပဲ ကန့်သတ်ပြီး ပစ်တာ၊ ဘာမှ ပျက်စီးတာမရှိတဲ့အတွက် တနိုင်းကRC ဘုန်းတော်ကြီးက သူတို့ကိုယ်တိုင် လိုက်မယ်၊ ရွာသားတွေ နေရအောင်လုပ်ပေးပါမယ်ဆိုပြီး သူတို့ပါ ပူးပေါင်းဆောင် ရွက်တာတွေ့ရတယ်၊ ဒါပေမယ့် နောက်ထပ်ဘာသာရေးအဖွဲ့တစ်ဖွဲ့ ထပ်ဝင်လာတော့ ကျေးရွာသူ၊ ကျေးရွာသားတွေက မလိုက်တော့ ဘူး၊ ဒါနဲ့ရွာသားတွေ အမှန်တကယ်နေလို့ရ၊ မရ ပြည်နယ် အစိုးအရအဖွဲ့က သွားကြည့်တဲ့အခါ လမ်းမှာ ပြည်နယ်အစိုးရ အဖွဲ့ကားကို သေနတ်နဲ့ပစ်တယ်၊ ပစ်ပြီးသွားတဲ့အခါမှာ သူမပစ်ပါ ဘူးငြင်းတယ်၊ KIA ရဲ့ ရည်ရွယ်ချက်က ဒုက္ခသည်တွေ များလာ တယ်၊ လူ့အခွင့်အရေး ချိုးဖောက်တယ် ဆိုတာမျိုးကို ဦးတည်နေ တယ်'' ဟု ပြောသည်။

တိုင်းမှူးက စစ်ဆင်ရေးကာလအတွင်းမှာ လေကြောင်း တိုက်ခိုက်မှု ရှိခဲ့သလား။ ရှိခဲ့ရင် ဘယ်နှကြိမ်ရှိခဲ့သလဲ မေးမြန်း ချက်နှင့် ပတ်သက်၍ ဖြေကြားရာတွင် ''တိုက်တဲ့အခါကျရင် ရန်သူဆိုမှတော့ ကျွန်တော်တို့ ပေါ့ပေါ့ ပါးပါးလေး တိုက်တာ မရှိဘူး၊ စစ်ရဲ့ သဘော သဘာဝကိုက ရန်သူကို သာလွန်တဲ့ အင်အားနဲ့ တိုက်ရမယ်၊ ဒါမှသာ ကျွန်တော်တို့ လူတွေအထိ အခိုက်နည်းမယ်၊ အကြိမ်အရေအတွက်ကတော့ တိုက်ခိုက်ခဲ့တာ တွေ ဖြစ်တဲ့အတွက် ပြောစရာမရှိပါဘူး၊ လေကြောင်းတိုက်ခိုက်မှု အားလုံးသည် နည်းပညာနဲ့ဆိုင်တဲ့ အချက်အလက်တွေ သုံးပြီး ကျွန်တော်တို့က စခန်းကဘယ်မှာရှိတယ်၊ ရန်သူက ဘယ်မှာ ရှိတယ်၊ ရွာက ဘယ်နေရာဆိုတာကို အကုန် ခွဲခြားထားပြီးသား ဖြစ်ပါတယ်၊ တိုက်ခိုက်မှုမှန်သမျှသည် ရန်သူ့စခန်းတည့်တည့်ကို သာ အတိအကျ တိုက်ခဲ့တာ ဖြစ်တယ်၊ ရွာတွေကို ကျွန်တော်တို့ အကုန်ရှောင်တယ်၊ ရန်သူလား၊ ကျေးရွာလား မသေချာရင် ကျွန်တော်တို့ လုံးဝ မပစ်ဘူး၊ ရန်သူရှိနိုင်တယ်ဆိုပြီး ကျွန်တော် တို့ လုံးဝမပစ်ဘူး၊ သေချာမှ တိုက်တယ်၊ မသေချာရင် လုံးဝ မတိုက်ဘူး'' ဟု ဖြေကြားသည်။

တရားဥပဒေ စိုးမိုးမှုရှိဖို့ ရှိရမယ်

ဆက်လက်၍ ''အောင်လော့ဒ်ကျေးရွာကို သတင်းသမား တွေ ရောက်ခဲ့တာပဲ၊ မြေပြင်အနေအထားလည်း တွေ့ ခဲ့တာပဲ၊ တကယ်တော့ အောင်လော့ဒ်ဟာ ပြည်နယ်အစိုးရရဲ့ အုပ်ချုပ်မှု အာဏာအတွင်းမှာ လုံးဝမရှိဘူး၊ အခုဆိုရင် တွေ့လိမ့်မယ်၊ KIA တရားစီရင်တဲ့ တရားရုံးတို့၊ ပညာရေးရုံးတို့၊ ဒါမျိုးတွေနဲ့ သွားတယ်၊ ကျွန်တော်တို့ မူလရည်ရွယ်ချက်က နိုင်ငံတော်အတွင်းမှာ တည်ငြိမ်အေးချမ်းဖို့၊ တရားဥပဒေ စိုးမိုးမှုရှိဖို့တို့ ရှိရမယ်၊ နိုင်ငံတော်အစိုးရရဲ့ အာဏာစက်ဟာ သက်ရောက်ရမယ်၊ အောင်လော့ဒ်မရောက်ခင် ဖြတ်သွားတဲ့ နေရာတွေမှာ ညောင်ရမ်းစခန်းကို တွေ့ရမယ်၊ ဒါတွေကို ကျွန်တော်တို့ တိုက်ခဲ့တာ၊ KIA တပ်ရင်းဌာန ချုပ်နားမှာနေမှ တော့ ဆွေမျိုးတွေ ဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်၊ ဒါပေမယ့် ဆွေမျိုးတွေ ဖြစ်လို့ဆိုပြီး ကျွန်တော်တို့ မတိုက်ဘူး၊ အိမ်တွေ ဒီအတိုင်းရှိတယ်၊ ဒါပေမယ့် သူတို့ကို ဆွဲခေါ်သွားတယ်။

၂ဝဝ လောက် ပြန်ရောက်လာ

''ကျွန်တော်တို့ ဒီမှာ ခေါ်ပါတယ်၊ အကူအညီတွေပေးမယ်၊ နေရာထိုင်ခင်းတွေ လုပ်ပေးမယ်၊ ရွာမပျက်ပါဘူးလို့ ပြောတာ တောင်မလာဘူး၊ ကျွန်တော်ပြောတဲ့ထဲမှာ မပါတဲ့ လူတွေ ပြန်ရောက်လာကြတယ်၊ လူဦးရေ ၂ဝဝ လောက် ပြန်ရောက် လာကြတယ်။

''ကျွန်တော်တို့ကတော့ ပြောထားပြီးသား၊ ဒီနေရာကို တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှုရှိအောင် လုပ်မယ်၊ ဒီတော့ဒါကို တားဆီးနေတဲ့ ဥစ္စာဆိုရင်တော့ ဖယ်ထုတ်ရမှာပဲ၊ ပုံမှန် အတိုင်းဖြစ်လာဖို့ KIA ကNCAလမ်းကြောင်းပေါ် တက်လာမှပဲ ရမယ်၊ တက်မလာဘူးဆိုရင် နိုင်ငံတော် အစိုးရကို လက်နက်ကိုင်ပြီး တော်လှန်ပုန်ကန်နေသူတွေအဖြစ် သတ်မှတ် ပြီး အစွမ်းကုန်ရှင်းမှာပဲ။

အစွမ်းကုန် စောင့်ကြည့်နေ

''အရင်ကလည်း သူတို့အခက်အခဲတွေရှိရင် မြို့ပေါ်လာပြီး ဒုက္ခပေးတာတွေရှိတယ်၊ ဥပမာ လားရှိုးလို နေရာမျိုးပေါ့၊ ဗုံးဖောက်ခွဲမှုတွေရှိတယ်၊ ကျွန်တော်တို့ဘက်ကတော့ အဖျက် အမှောင့်လုပ်လို့မရအောင် ပြည်နယ်ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး အစွမ်းကုန် ဆောင်ရွက်နေတယ်၊ ရန်သူကတော့ ချိုပါတာမဟုတ် တော့ ကျွန်တော်တို့လည်း သေသေချာချာမသိဘူး၊ လုပ်ချင် လည်း လုပ်နိုင်တယ်၊ ဒါမှမဟုတ်အခြေအနေစောင့်ကြည့်နေ တာလည်း ဖြစ်နိုင်တယ်၊ မဖြစ်အောင်တော့ ကျွန်တော်တို့ အစွမ်းကုန် စောင့်ကြည့်နေတယ်။

ဥပဒေက တစ်ခုပဲရှိ

''တိုက်ပွဲရှောင် ရွာသားတွေသည် KIA နဲ့ ဆက်နွှယ်မှု မရှိရင် သူတို့ကို ဘာမှ ကျွန်တော်တို့ မလုပ်ဘူး၊KIA ကို သတင်း ပေးနေမယ်၊ ဒါမှမဟုတ်KIA က ရွာသား အယောင်ဆောင် မယ်၊ မြို့ပေါ်တက်လာမယ်၊ သတင်းပေးမယ်၊ ဒါကို သိရင်တော့ ကျွန်တော်တို့ အရေးယူမယ်၊ တချို့ဘာသာရေး အဖွဲ့တွေ ရှိတယ်။ KIA ဆီသွားတွေ့တယ်၊ ပြီးရင် ပြန်လာတယ်၊ ရည်ရွယ်ချက်နဲ့ သွားတာ၊ သူတို့ ပြောတာတွေမှာလည်းရည်ရွယ်ချက်တွေပါ တယ်၊ ဒီလိုဆိုရင်တော့ ကျွန်တော်တို့ အရေးယူမယ်၊ နိုင်ငံတော် မှာ ဥပဒေကတစ်ခုပဲရှိတယ်၊ စစ်သားပဲဖြစ်ဖြစ်၊ အရပ်သားပဲ ဖြစ်ဖြစ်၊ ဘာသာရေးအဖွဲ့ အစည်းပဲဖြစ်ဖြစ် နိုင်ငံတော်ရဲ့ ဥပဒေ ကို လိုက်နာရမယ်၊ ကျွန်တော်တို့ တပ်မတော်သည်လည်း နိုင်ငံတော်က ထုတ်ပြန်ထားတဲ့ ဥပဒေတွေကို မလိုက်နာရင် အရေးယူခံရတာပဲ။ နိုင်ငံတော်ရဲ့ ဥပဒေကော၊ စစ်ဘက်ဆိုင်ရာ ဥပဒေကော နှစ်မျိုးစလုံးနဲ့ ပြင်းပြင်းထန်ထန်အရေးယူတယ်၊ နိုင်ငံသားဖြစ်ရင် ဥပဒေကို လိုက်နာရမယ်ဆိုတာ ဘယ်နိုင်ငံမှာပဲ ဖြစ်ဖြစ် အတူတူပဲ။

''ပိတ်မိနေတယ်ဆိုတဲ့သူတွေသည်KIA ကနေ အတင်း အဓမ္မခေါ်ထားတဲ့ သူတို့ရဲ့ လူတွေပဲ ဖြစ်ပါတယ်။ ကျန်တဲ့ ရွာသူရွာသား ဒေသခံက သူ့နေရပ်မှာ အေးချမ်းရင်လာနေမယ်၊ နေလို့မရရင် တခြားတစ်နေရာမှာ ခဏနေမယ်၊ ပြီးလို့ကိုယ့်နေရပ်ကိုယ်ပြန်နေလို့ရရင်နေမယ်ဆိုတဲ့သူတွေပဲ ရှိပါတယ်'' ဟု တိုင်းမှူး ဗိုလ်ချုပ်တေဇကျော်က ဖြေကြားသည်။