KIA/TNLA အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့က မူဆယ်မြို့နယ် အတွင်းရှိ လုံခြုံရေးဂိတ်စခန်းများနှင့် မြို့တွင်းရှိနေအိမ်များအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များနှင့်

Printer-friendly versionSend by email

နေပြည်တော် မေ ၁၂

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်အတွင်းရှိ လုံခြုံရေး ဂိတ်စခန်း များနှင့် မြို့တွင်းရှိနေအိမ်များသို့ ယနေ့ နံနက်အစောပိုင်းတွင် KIA/TNLA အကြမ်းဖက် သောင်းကျန်းသူများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြမ်းဖက်ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

 

ဖြစ်စဉ်များမှာ KIA/TNLA အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့သည် ယနေ့ နံနက် ၅ နာရီ ခန့်မှ စတင်၍ မူဆယ်မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် နမ့်ခမ်းမြို့မပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များပူးပေါင်းလုံခြုံရေး ဆောင်ရွက် လျက်ရှိသည့် မူဆယ်မြို့နယ်၊ ပန်ခမ်းတံတားအား အင်အား ၅၀ ဦးခန့်က အရှေ့တောင်ဘက်မှလည်းကောင်း၊ မူဆယ်မြို့အတွင်းရှိ နမ့်ခမ်းမြို့မပြည် သူ့စစ်(ဌာနေ)တပ်ဖွဲ့ ခေါင်းဆောင် ဦးအိုက်စံ၏ နေအိမ်တစ်ဝိုက်အား အင်အား ၃၀ ဦးခန့်က အရှေ့တောင်ဘက်မှလည်းကောင်း၊ မူဆယ်မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် နမ့်ခမ်းမြို့မပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များ ပူးပေါင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသည့်မန်ဝိန်းဂိတ်အား အင်အား ၁၀ ဦးခန့်က လည်းကောင်း၊ မူဆယ်မြို့၊ ပန်ခမ်းတံတားအနီးရှိ နောင်ရမ်းကျေး ရွာအား အင်အား(စိစစ်ဆဲ)က လည်းကောင်း လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် အကြမ်းဖက်ပစ်ခတ်တိုက်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည် ခုခံ တိုက်ခိုက် ခဲ့ရာ နံနက် ၈ နာရီခန့်တွင် တောင်ဘက်သို့ ဆုတ်ခွာ ထွက်ပြေး သွားခဲ့သည်။

 

အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုများကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၁ ဦး၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင် ၄ ဦး၊ အပြစ်မဲ့ တိုင်းရင်းသားပြည်သူ အမျိုး သား ၁၂ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၁၉ ဦးသေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင် ၆ ဦး၊ အပြစ်မဲ့တိုင်းရင်းသားပြည်သူ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၂၇ ဦး ထိခိုက်ဒဏ်ရာ ရရှိ ခဲ့ကြောင်း သိရှိရသည်။

 

တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်သောင်းကျန်းသူများအား နယ်မြေ လိုက်လံရှင်းလင်းဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။