NVC များကို နိုင်ငံခြားသားအဖြစ်ယူဆ၍ ထုတ်ပေးခြင်းမဟုတ်ဘဲ နိုင်ငံအတွင်း နေထိုင်သူများကို ထုတ်ပေးခြင်းဖြစ်

Printer-friendly versionSend by email



မောင်တော နိုဝင်ဘာ ၇







လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ရခိုင်ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်မင်း ဦးစီးသည့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက ဘင်္ဂါလီများနေထိုင်သည့် မောင်တောမြို့နယ် ရွှေဇားကျေးရွာ အုပ်စု စေတီပြင်သို့ သွားရောက်၍ အစ္စလာမ်ဘာသာဝင်များ National Verififi cation Card (NVC) လုပ်ဆောင်နိုင်ရန်နှင့် အမျိုးသားမှတ်ပုံတင်ကိုင်ဆောင်ထားသူများအနေဖြင့် နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ် အတိုင်း ဆက်လက်လုပ်ဆောင်၍ နိုင်ငံသား စိစစ်ရေးကတ်ပြား (သို့မဟုတ်) နိုင်ငံသားအသိ အမှတ်ပြုကတ်ပြား သင့်တော်ရာကတ်တစ်မျိုးမျိုးကို ရရှိနိုင်ရေး ဆက်လက်ဆောင်ရွက်ပေး သွားမည့် အကြောင်း သွားရောက်ရှင်းလင်းပြောကြားသည်။







“NVC လုပ်ဆောင်ရာမှာ ခြိမ်းခြောက်မှုတွေနဲ့ပတ်သက်ပြီး တော်တော်ပြင်းပြင်းထန်ထန် လုပ်ထားတယ်၊ အသက်အန္တရာယ်နဲ့ပတ်သက်ပြီး ခြိမ်းခြောက်တယ်၊ ဒါကြောင့် ကြောက်လန့်ပြီး လာမလုပ်ရဲတာလည်း ပါတယ်၊ ကျွန်တော်တို့က ဒီမှာရှိတဲ့သူတွေကို NVC လုပ်ပေးလိုက်ရင် ဒီမှာရှိတဲ့သူနဲ့ မရှိတဲ့သူ ကွဲပြားသွားမယ်၊ အဲဒီလို ကွဲပြားသွားမှာကို တချို့က မလိုလားဘူး၊ ဒါကြောင့် NVC မလုပ်ဖို့ ဝိုင်းပြီးခြိမ်း ခြောက်နေတယ်၊ နှောင့်ယှက်နေ တယ်၊ အဲဒီလို ခြိမ်းခြောက်နှောင့်ယှက်မှု ထင်ထင်ရှားရှား လုပ်တဲ့သူတွေကို ကျွန်တော်တို့က အမှုဖွင့်အရေးယူထား ပါတယ်၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ရွှေဇား အနောက်ရွာက လူတစ်ဦးကို ကျွန်တော်တို့ အမှုဖွင့်ထားပါတယ်”ဟု ဦးအောင်မင်း က ပြောသည်။







National Verifi cation Card ပြုလုပ်ရာတွင် ခြိမ်းခြောက်မှုများ ရှိနေပြီး အဆိုပါ ခြိမ်းခြောက်မှုများသည် နိုင်ငံတော်၏ ကောင်းမွန်သည့် ရည်ရွယ်ချက်နှင့် ရည်မှန်းချက်ကို ဖျက်လိုဖျက်ဆီး ပြုလုပ်သည့်သဘော ဖြစ်သည်။ထို့ကြောင့် အဆိုပါခြိမ်းခြောက်မှုများအတွက် အကြမ်းဖက်ဥပဒေပုဒ်မများနှင့် အရေးယူဆောင် ရွက်သွား မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနမှ ရခိုင်ပြည်နယ်ဦးစီးမှူးက သတင်းအဖွဲ့၏ မေးမြန်းချက်ကို ဖြေကြားသည်။



ရွှေဇားမြောက်ရွာတွင် နေထိုင်၍ NVC လုပ်ဆောင်ထားသူ အစ္စလာမ်ဘာသာဝင် ဟာရစ်ဆာမက်က “NVC ကို လွန်ခဲ့တဲ့ ၁၀ ရက် လောက်က လုပ်ခဲ့ပါတယ်၊ NVC ကို ကိုင်ဆောင်ထားရင် ခရီးသွားလို့ရ တယ်ဆိုတာကြောင့်ပါ၊ ကျွန်တော်အပါအဝင် မိသားစုလေးယောက် လုပ်ခဲ့ပါ တယ်၊ ပညာသင်ကြားခွင့်၊ ဆေးကုသခွင့်ရမယ်လို့ ပြောတာလည်း ရှိပါတယ်၊ အခြားသူ တွေကတော့ လုပ်ချင်မှလုပ်မှာပေါ့၊ သူတို့သဘောပါ၊ ခရီးသွားလို့ရ မယ်ဆိုတဲ့ ယုံကြည်မှုကြောင့်ပါ” ဟု ပြောသည်။



NVC လုပ်ဆောင်ပေးခြင်းသည် နိုင်ငံခြားသားများအဖြစ် ယူဆ၍ ထုတ်ပေးခြင်းမဟုတ်ဘဲ နိုင်ငံအတွင်း နေထိုင်သူများကို ထုတ်ပေးခြင်း ဖြစ်ကြောင်း၊ နိုင်ငံခြားသားကို National Verifi cation Card လုပ်ဆောင်ပေး မည်မဟုတ်ကြောင်း မောင်တောမြို့နယ် လူဝင်မှုကြီးကြပ်ရေး ပြည်သူ့အင်အား ဦးစီးဌာနမှ သိရသည်။



စေတီပြင်ရာအိမ်မှူး ဂျာနီအာလောမ်က “ NVC ကို ရွှေဇား ဂုံနား စာသင်ကျောင်းမှာ လုပ်ခဲ့ပါတယ်၊ NVC ကိုင်ထားမယ်၊ အချက်အလက် တွေ စိစစ်ပြီးလို့နေထိုင်တာ မှန်ကန်တယ်ဆိုရင် နိုင်ငံသားစိစစ်ရေး လျှောက်ခွင့်ရမယ်ပြောပါတယ်၊ ကျွန်တော့်အမေမှာက သုံးခေါက်ချိုးကတ်ရှိပါတယ်၊ အမျိုးသမီးကတော့ မလုပ်ရသေးပါဘူး၊ သူ့သဘောပါ၊ NVC ကိုင်ထားပြီး နိုင်ငံသားကတ်ရတာနဲ့-ကြိုက်တဲ့နေရာ သွားလာခွင့်ရမယ် ပြောပါ တယ်၊ ကျွန်တော်ကတော့ NVC လုပ်ချင်တဲ့သူတွေလုပ်ဖို့ ပြောထားပါတယ်၊မိသားစု ရှစ်ယောက်ရှိပါတယ်”ဟု ပြောသည်။







National Verifi cation Card များ လုပ်ဆောင်ပေးရာတွင် အစ္စလာမ် ဘာသာဝင်များလည်း အလွယ်တကူ လုပ်ဆောင်နိုင်ရန်အတွက် နိုဝင်ဘာ ၇ ရက်တွင် ရွှေဇားကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် ရွှေဇား ကျေးရွာအုပ်စု စေတီပြင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)တို့တွင် နှစ်နေရာခွဲ၍ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။



အစ္စလာမ်ဘာသာဝင် အာလီအာမတ်က “အသက်(၆၁) နှစ်ရှိပါပြီ၊ ရွှေဇား၊ ကံဘဲရွာမှာနေပါတယ်၊ သုံးခေါက်ချိုးကတ် (အမျိုးသားမှတ်ပုံတင်ကတ်) ရှိပါတယ်၊ သူတို့က ဒီကတ်ကိုစိစစ်ပြီး နိုင်ငံသားစိစစ်ရေး ကတ် လဲပေးမယ် ပြောပါတယ်၊ ကျွန်တော့်မှာ မိသားစုခြောက်ယောက်ရှိပါတယ်၊ ကျန်တဲ့သူတွေ မရှိပါဘူး၊ အဖေ့မှာတော့ ရှိပါတယ်၊ ကျွန်တော့် ညီအစ်ကိုတွေမှာလည်း ရှိပေမယ့် သားသမီးတွေမှာ မရှိပါဘူး၊ ကျွန်တော့်သားသမီးတွေက တခြား နိုင်ငံက ရောက်လာတဲ့သူတွေလို့ သတ်မှတ်ခံရမယ်ထင်ပြီး NVC မယူချင်ဘူးလို့ ပြောပါတယ်၊ ကျွန်တော်က အဲဒီလိုမဟုတ်ဘူးလို့ ပြောပြပါတယ်၊ သားသမီးတွေ နားလည်အောင် ပြောပြမှာပါ၊ လက်ထဲမှာ သက်သေခံကတ် တစ်ခုခုမရှိရင် ဘယ်လိုလုပ် ဒီမှာနေတယ်လို့ သတ်မှတ်လို့ရမလဲ”ဟု ပြောသည်။







ညွှန်ကြားရေးမှူး ဦးအောင်မင်း ဦးစီးသည့်အဖွဲ့သည် ယနေ့ နံနက်ပိုင်းမှ စတင်၍ ရွှေဇားကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် NVC များကို ဆက်လက်ပြုလုပ်ပေးခဲ့ရာ ဟိန္ဒူဘာသာဝင် အမျိုးသားအမျိုးသမီး စုစုပေါင်း ၆၁ ဦးတို့အား NVC များ လုပ်ဆောင်ပေးခဲ့သည်။