မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ ရေမိုင်လှည့်ကင်း ဆောင်ရွက်

Printer-friendly versionSend by email

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ ရေမိုင်လှည့်ကင်း ဆောင်ရွက်

နေပြည်တော် ဇွန် ၆

မောင်တောမြို့နယ် နယ်မြေ(၃)၊ အမှတ် (၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့ ခွဲ ကျီးကျွန်းရဲကင်းစခန်းမှ ရဲအုပ် မြတ်ဇော်ဦး ဦးစီးတပ်ဖွဲ့ဝင်များသည် ဇွန် ၅ ရက် နံနက်ပိုင်းက ရေယာဉ်တပ်ဖွဲ့စု(မောင်တော)မှ ငါးမန်းအမြန်သွားတိုက်ခိုက်ရေးရေယာဉ် အမှတ်(၀၀၂)ပါ နှစ်စင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၂) နယ်ခြားစောင့်တပ် Whykong BOP ကင်းစခန်းမှ Subedar Md, Najrul Islam ဦးဆောင်သည့် တပ်ဖွဲ့ဝင်များသည် စက်တပ်ရေယာဉ် နှစ်စင်း စုစုပေါင်း လေးစင်းတို့သည် နတ်မြစ်မြစ်လယ်ရှိ နှစ်နိုင်ငံ နယ်နိမိတ် ပြူးမချောင်း၀အနီး ရေမိုင်အမှတ်(၁၅) မှ သဲချောင်းချောင်း၀ထိပ် ရေမိုင်အမှတ်(၁၈)အနီးထိ နတ်မြစ်ကြောင်းအတိုင်း နှစ်နိုင်ငံနှစ်ဖက် ညှိနှိုင်း၍ ရေမိုင်ကင်းလှည့်ခဲ့ပြီး ရေယာဉ်အမှတ် (၀၀၂)ပေါ်၌ နှစ်ဖက် ကင်းလှည့်သည့်အဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။