မြန်မာနိုင်ငံ သတင်းစာဆရာအသင်း(MJA)ကြေညာချက် အမှတ်(၅/၂ဝ၁၇)

Printer-friendly versionSend by email

မြန်မာနိုင်ငံ သတင်းစာဆရာအသင်း(MJA)ကြေညာချက် အမတ်(/၂ဝ၁၇)

 

ရက်စွဲ ။ ။ ၂ဝ၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်

 

၁။ ၂ဝ၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂ဝ)ရက်က နေပြည်တော် (MICC 1)တွင် ပြုလုပ်ခဲ့သည့် (၁၃)ကြိမ်မြောက် အာရှ-ဥရောပ နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည့် မိန့်ခွန်းပါ အရေးကြီးသည့် အချက်အလက်တစ်ခုကို နိုင်ငံတကာသတင်းဌာနကြီးတစ်ခုဖြစ်သည့် အေပီသတင်းဌာနက လွဲမှားစွာ ရေးသားဖော်ပြခဲ့ကြောင်း သိရပါသည်။

 

၂။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည့် မိန့်ခွန်းပါအချက်မှာ “Conflicts around the world are giving rise to new threats and emergencies; illegal migration, spread of terrorism and violent extremism, social disharmony and even the threat of nuclear war.” ဖော်ပြထားပါသည်။ ယင်းကို အေပီသတင်းက “illegal migration spreads terrorism…”''လူများ တရားမဝင်ရွှေ့ပြောင်းနေထိုင်ခြင်းက အကြမ်းဖက်မှုအမျိုးမျိုးကို ပြန့်ပွားစေတယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုကြောင်း အဓိပ္ပာယ်လွဲမှားစွာ ဖော်ပြခဲ့ပါသည်။

 

၃။ အဆိုပါ သတင်းဖော်ပြချက်သည် မြန်မာနိုင်ငံတွင်တည်ဆဲဥပဒေဖြစ်သည့် သတင်းမီဒီယာဥပဒေပုဒ်မ ၉ အရလည်းကောင်း၊ နိုင်ငံတကာ သတင်းမီဒီယာသမားများ အလေးထားလိုက်နာရမည့် ကျင့်ဝတ်များနှင့် လည်းကောင်း မညီညွတ်ဘဲ ချိုးဖောက်ထားကြောင်း တွေ့ရပါသည်။

 

၄။ မျက်မှောက်အချိန်ကာလတွင် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာနှင့် ဆက်ဆံရေးကောင်းမွန်စေရန် ကြိုးစားတည်ဆောက် နေဆဲကာလဖြစ်သည့်အတွက် ထိလွယ်ရှလွယ်အရေးကိစ္စများကို နိုင်ငံတော်က သတိထားကိုင်တွယ် ဆောင်ရွက်နေချိန်ဖြစ်ပါသည်။

 

၅။ အေပီသတင်းဌာနအနေဖြင့် အဆိုပါသတင်းကို ပြန်လည်ပြင်ဆင်ခဲ့သော်လည်း ယင်းသတင်းကြောင့် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို များစွာထိခိုက်စေပါသည်။

 

၆။ ထို့ကြောင့် မြန်မာနိုင်ငံသတင်းစာဆရာအသင်း (MJA)သည် ယင်းဖြစ်စဉ်အား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

 

မြန်မာနိုင်ငံသတင်းစာဆရာအသင်း(MJA)