သတင်းထုတ်ပြန်ကြေညာချက် AP သတင်းဌာန၏ သတင်းဖော်ပြချက်အား ပြင်းထန်စွာ ရှုတ်ချခြင်း

Printer-friendly versionSend by email

သတင်းထုတ်ပြန်ကြေညာချက်

AP သတင်းဌာန၏ သတင်းဖော်ပြချက်အား ပြင်းထန်စွာ ုတ်ချခြင်း

နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာနတွင် နိုဝင်ဘာလ ၂၀ ရက်နေ့က ကျင်းပသော အေဆမ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ကမ္ဘာတစ်လွှား ဖြစ်ပွားနေတဲ့ ပကျပ်ဋိပက္ခတွေကြောင့် တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုကနေ ပြန့်ပွားလာတဲ့ အကြမ်းဖက်မှုမှ လူမှုဆိုင်ရာ အဆင်မပြေမှုတွေ ပေါ်ပေါက်နေရုံမက နျူကလီးယားစစ်ပွဲခြိမ်းခြောက်မှု စတဲ့ ခြိမ်းခြောက်မှု အသစ်တွေ အရေးပေါ် အခြေအနေတွေ ပေါ်ပေါက်နေပါတယ်”ဟု ပြောကြားသွားခဲ့ပါသည်။

 

သို့သော် AP သတင်းတွင် ယင်းမိန့်ခွန်းအား “မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာပေါ်တွင် မတည်ငြိမ်မှုနှင့် ပဋိပက္ခတွေဟာ တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုကြောင့် ပြန့်ပွားလာတဲ့ အကြမ်းဖက်မှုတွေကြောင့်ဖြစ်တယ်”ဟု ဖော်ပြသွားခဲ့ပါသည်။

 

ယခုကဲ့သို့ တလွဲသတင်းရေးသားမှုသည် ကြီးမားသော ဆိုးကျိုးနှင့်တိုင်းပြည်၏ ဂုဏ်သိက္ခာကို ထိခိုက်စေပြီး ထိလွယ်ရှလွယ် အခြေအနေတစ်ရပ်တွင် နိုင်ငံတကာ အသိုင်းအဝိုင်းကြား မြန်မာနိုင်ငံအပေါ် ပိုမို၍ နားလည်မှု လွဲမှားစေနိုင်ပါသည်။

 

ကမ္ဘာကျော် သတင်းဌာနတစ်ခုဖြစ်သည့် AP အနေဖြင့် တစ်ရက်ကြာပြီးမှ သတင်းမှား ပြင်ဆင်ချက် လုပ်သော်လည်း ကမ္ဘာကြီး၏အမြင်တွင် မြန်မာနိုင်ငံသားများ၏ နစ်နာမှုအတွက် တောင်းပန်သင့်ပါသည်။

 

မြန်မာစာနယ်ဇင်းသမဂ္ဂအနေဖြင့် AP သတင်းဌာန၏ တာဝန်မဲ့သော ဤသတင်းဖော်ပြမှုကို ပြင်းထန်စွာရှုတ်ချလိုက်ပါသည်။

မြန်မာစာနယ်ဇင်းသမဂ္ဂ