ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်းရှိ ကျေးရွာအချို့မှ ပြည်သူများ၏ မေတ္တာရပ်ခံ တောင်းဆိုချက်နှင့် ပတ်သက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်

Printer-friendly versionSend by email

ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်းရှိ ကျေးရွာအချို့မှ ပြည်သူများ၏ မေတ္တာရပ်ခံ တောင်းဆိုချက်နှင့်  ပတ်သက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်

 

(၁၂-၁၂-၂၀၁၇)

နေပြည်တော်

၁။

ကမ္ဘာ့အဆင့်ဖြင့် အမြင့်ဆုံးကာကွယ်ထိန်းသိမ်းစောင့်ရှောက်မှု ရရှိရန်၊ နိုင်ငံတော်နှင့်ဒေသဖွံ့ဖြိုးတိုးတက်မှု၊ ဒေသခံများ အကျိုးစီးပွားဖြစ်ထွန်းမှုတို့ ရရှိရန်အတွက် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသအား UNESCO  ၏ ကမ္ဘာ့အမွေအနှစ်စာရင်း (World Heritage) တင်သွင်းရေးကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသည် UNESCO  အပါအဝင် ပြည်ပနိုင်ငံ အစိုးရနှင့်အဖွဲ့အစည်းများ၊ ဆက်စပ်ဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။

၂။        

သို့ရာတွင် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်းရှိ ကျေးရွာ အချို့မှ ပြည်သူများအနေဖြင့် ၎င်းတို့ကျေးရွာများသည် အမွေအနှစ်ဇုန် (Property Zone) အတွင်း ရောက်ရှိနေ၍ စားဝတ်နေရေး၊ စီးပွားရေးလုပ်ငန်း ဆောင်တာများ ဆောင်ရွက်ရန် ကန့်သတ်ခံရမည်ကိုစိုးရိမ်၍ အမွေအနှစ်ဇုန်မှ ကြားခံဇုန်သို့ ပြောင်းလဲထည့်သွင်းပေးပါရန်၊ ဤသို့ ပြောင်းလဲထည့်သွင်းရန် တင်ပြချက်သည် ကမ္ဘာ့အမွေအနှစ် တင်သွင်းရေးအတွက် အဟန့်အတားဖြစ်ပါက အချက်(၃)ချက် ပြင်ဆင်ပေးပါရန် အသနားခံ တင်ပြစာကို လက်မှတ်ရေးထိုးတင်ပြလာပါသည်။ ဤသို့ တင်ပြလာမှုနှင့် ပတ်သက်၍ ဌာနအနေဖြင့် ဒေသခံပြည်သူများ၏ဆန္ဒကို အထူးအလေးထား၍ ညှိနှိုင်း ပြင်ဆင်ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း ရှင်းလင်းထုတ်ပြန်ပါသည်-

 

(က)

ဖော်ပြပါကျေးရွာများနှင့် ၎င်းရွာများပတ်လည်ရှိ ထိုရှေးဟောင်းအမွေအနှစ် စေတီ၊ ပုထိုး၊ ဂူဘုရားများသည် အထူးတန်ဖိုးထား၍ အရေးကြီး ထိန်းသိမ်းကာကွယ် စောင့်ရှောက် ရမည့်နေရာဖြစ်သဖြင့် အမွေအနှစ်ဇုန်အဖြစ် ထည့်သွင်းထားခြင်း ဖြစ်ပါသည်။ ကြားခံဇုန် အတွင်းသို့ ပြောင်းလဲ ထည့်သွင်းပါက ကမ္ဘာ့အမွေအနှစ်စင်တာက မြန်မာနိုင်ငံသည် အမှန်တကယ် အထူးတန်ဖိုးထား ကာကွယ်ထိန်းသိမ်းရမည်ကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်နိုင်စွမ်းမရှိဟု သတ်မှတ်မည်ဖြစ်ပြီး ပုဂံဒေသအား ကမ္ဘာ့ အမွေအနှစ် စာရင်းအဖြစ် သတ်မှတ်ရန်အဟန့်အတား ဖြစ်မည်ဖြစ်ပါသည်။

 

(ခ)

ဤအမွေအနှစ်ဇုန်အတွင်းတွင် သက်မဲ့ရှေးဟောင်း အဆောက်အအုံများ သာမက သက်ရှိလူသားများလည်း ရှေးနှစ်ပေါင်းရာ၊ ထောင်ချီ ကာလက တည်းက နေထိုင်ခဲ့ပြီး ယနေ့တိုင်ထိန်းသိမ်းစောင့်ရှောက်လျက် ရှိနေခြင်းကြောင့် အမွေအနှစ်ဇုန်အတွင်း တည်ရှိနေသောကျေးရွာများကိုလည်း ကြားခံဇုန်ကဲ့သို့ပင် စား၊ ဝတ်၊ နေရေး၊ အိုးအိမ် တည်ဆောက်တိုးချဲ့ရေး ၊ စီးပွားရေးလုပ်ငန်း ဆောင်တာများလုပ်ကိုင်နိုင်ရေး၊ အထူးသဖြင့် ဒေသခံများ အထူးလိုလားတောင့်တသော တိုးတက်လာမည့် ခရီးသွားလုပ်ငန်းအသီး၊ အပွင့်များ ခံစားနိုင်ရန်၊ စားသောက်ဆိုင်အပါအဝင် ခရီးသွားများ တည်းခို နေထိုင်နိုင်မည့် လုပ်ငန်းများကို ဥပဒေ၊ စည်းကမ်းများနှင့် စနစ်တကျ ဆောင်ရွက်ရေးတို့အတွက် ရည်ရွယ်၍ ရေးဆွဲလျက်ရှိသော ပုဂံ ရှေးဟောင်းအမွေ အနှစ်ဒေသနှင့် ရှေးဟောင်း အဆောက်အအုံများ ဥပဒေမူဘောင် (Building By Law) အပိုဒ်(၄) ကျေးရွာနယ်မြေများအတွက် အဆောက်အအုံ ဆိုင်ရာဒေသတွင်း ဥပဒေစည်းမျဉ်းများတွင် ဒေသခံများ လိုလားသော ပထမအချက်ကို အောက်ပါအတိုင်း ထည့်သွင်းထားပြီး ဖြစ်ပါသည်-

 

 

၄.၃။က၊

လူနေထိုင်ရန်၊ လယ်ယာလုပ်ငန်းနှင့် လက်မှုပစ္စည်းထုတ်လုပ်ခြင်း ကဲ့သို့သော ရိုးရာဓလေ့ လုပ်ငန်းများ၊ ခွင့်ပြုချက်ဖြင့် ရုံးများ၊ ဈေးဆိုင်များ၊ စားသောက်ဆိုင်များနှင့် ခရီးသွားဧည့်သည် တည်းခိုရန်စသည့် အသုံးပြုမှုများအတွက် ဆောက်လုပ်နိုင်သည်။ ကျေးရွာနေဒေသခံများ တောင်းဆိုသော ဒုတိယအချက် ဖြစ်သည့်အဆောက်အုံ အရွယ်အစားများကိုလည်း ပုဂံနှင့် ညောင်ဦးမြို့ပြများ၏ သတ်မှတ်ချက်များနှင့် တူညီစွာပင် အောက်ပါအတိုင်း ပြင်ဆင်ရေးဆွဲသတ်မှတ် ပေးသွားမည် ဖြစ်ပါသည် -

၃။

 

၄.၃(ဏ)

စားသောက်ဆိုင်များနှင့် ခရီးသွားများ တည်းခိုနေထိုင်ရန် တည်ဆောက်မည့် အဆောက်အအုံ တစ်ခု၏ ဧရိယာ သည် စတုရန်းပေ ၂၄၀၀ ထက်မပိုရ။ ကျေးရွာပုံစံ တစ်ထပ်သာဖြစ်ရမည်ဖြစ်ပြီး အမြင့် ၁၆ ပေထက် မကျော်လွန်ရ။

၄။

တတိယအချက်ဖြစ်သည့် စီးပွားရေးဆိုင်ရာ ဆက်သွယ်ရေးတာဝါများ တည်ဆောက်ခွင့် မပြုဟူသော အချက်အစား ဒေသခံများ အကြံပြုတင်ပြ သောအချက်ကိုအနည်းငယ်ဖြည့်စွက်၍ မြို့ပြအတွက်ရော၊ ကျေးရွာများ အတွက်ပါ ညှိနှိုင်းပြင်ဆင်ရေးဆွဲပေးသွားမည် ဖြစ်ပါသည် -

 

 

၄.၃(၇)

ပုဂ္ဂလိကဆက်သွယ်ရေး (သို့မဟုတ်) ရုပ်သံမီဒီယာ နှင့် ကိရိယာများဂြိုဟ်တု၊ စလောင်းများနှင့် အလားတူ ပစ္စည်း

 

 

၅.၅(မ)

များတပ်ဆင်ခြင်းဆောင်ရွက်ရာတွင် မြင်သာထင်ရှား မှုမရှိအောင် ဆောင်ရွက်ရမည်။ စီးပွားရေးဆိုင်ရာ ဆက်သွယ်ရေးတာဝါများကို တည်ဆောက် လိုပါကရှေးဟောင်းအမွေအနှစ် မြင်ကွင်းအားထိခိုက်မှု မဖြစ်စေသော ဆက်သွယ်ရေးစနစ် တည်ဆောက်သုံးစွဲနိုင်ရန် ယဉ်ကျေးမှု အမွေအနှစ်များကို ထိခိုက်နိုင်မှုဆန်းစစ်ခြင်း (Heritage Impact Assessment ) စိစစ်ချကနှင့်  အညီခွင့်ပြုနိုင်သည်။

၅။

ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းရေးသည် နိုင်ငံတော်အစိုးရက ပေးအပ်ထားသော လုပ်ငန်းတာဝန် တစ်ရပ်ဖြစ်ပြီး အမျိုးဂုဏ်ဇာတိဂုဏ်အတွက် လည်းကောင်း၊ မိမိတို့ လူမျိုး၏ မြင့်မားသောယဉ်ကျေးမှုအမွေအနှစ်များကို နိုင်ငံတကာကကမ္ဘာ့အဆင့်မီသည်ဟု လက်ခံခြင်းဖြင့် တိုင်းပြညနှင့် လူမျိုးဂုဏ်ကို မြှင့်တင်နိုင်ရန်အတွက် လည်းကောင်း၊ ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခံရပါက ကမ္ဘာ့အဆင့်အမြင့်ဆုံး ထိန်းသိမ်းကာကွယ် စောင့်ရှောက်မှုကို ရရှိရန်အတွက်လည်းကောင်း ဆက်စပ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နေခြင်းဖြစ်ပါသည်။ ဒေသခံပြည်သူများ၏ သဘောဆန္ဒကိုလည်း မူဘောငနှင့်  ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိရာပြည်သူများအနေဖြင့် လည်း မိမိနိုင်ငံ၏ ထူးခြားထင်ရှားသော ပုဂံဒေသကြီးကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် အဖြစ်သတ်မှတ် ခံရရေးအတွက် အမျိုးသားရေးတာဝန်အဖြစ် ပူးပေါင်းကူညီဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံပါ ကြောင်း ကြေညာချက်ထုတ်ပြန်အပ်ပါသည်။

           

             သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန