စိုက်ပျိုးမွေးမြူရေးကဏ္ဍနှင့် အသေးစား၊အလတ်စား စီးပွားရေးလုပ်ငန်းကဏ္ဍများနှစ်ဆင့်ချေးငွေစီမံကိန်း ထုတ်ချေးပေးမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးချက်များ

Printer-friendly versionSend by email

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးကဏ္ဍနှင့် အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းကဏ္ဍများကို နှစ်ဆင့်ချေးငွေစီမံကိန်း (JICA Two Step Loan) ထုတ်ချေးပေးမှုများ ဆောင်ရွက်လျက်ရှိရာ အဆိုပါ စီမံကိန်းချေးငွေထုတ်ချေးပေးမည့် အစီအမံများနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများ၏ ရှင်းလင်းဆွေးနွေးချက်များကို တင်ပြလိုက်ရပါသည်။

ဦးမောင်မောင်ဝင်း (ဒုတိယဝန်ကြီး၊ စီမံကိန်းနင့် ဘဏ္ဍာရေးဝန်ကြီးဌာန)

နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပြည်ထောင်စု အစိုးရအဖွဲ့အနေနဲ့ စီးပွားရေးမူဝါဒတွေ ချမှတ်ဆောင်ရွက်နေတာ အားလုံးအသိပဲဖြစ်ပါတယ်။ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုတွေ ရရှိဖို့ဆိုတာ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ဆက်စပ် နေပါတယ်။ ရင်းနှီးမြှုပ်နှံမှုမရှိဘဲနဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အရှိန်အဟုန်မြင့်မြင့်နဲ့ ရနိုင်မှာမဟုတ်ပါဘူး။ ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်ပါတယ်။ ဒါကြောင့် ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်နေပါတယ်။ ရင်းနှီးမြှုပ်နှံတဲ့နေရာမှာ ကိုယ့်အင် ကိုယ့်အားနဲ့ ရင်းနှီးနိုင်တဲ့သူတွေရှိသလို ကိုယ့်အင်ကိုယ့်အားထက်ကျော် လွန်ပြီး လိုအပ်တဲ့အရင်းအနှီးအတွက်ကို ဘဏ်ချေး ငွေဖြစ်စေ၊ အကူအညီရတဲ့ငွေဖြစ်စေ ရှာဖွေရင်းနှီးကြရ ပါတယ်။

ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာဖို့အတွက် ဘဏ်ချေး ငွေအပိုင်းအနေနဲ့ တော်တော်လေး အရေးပါတဲ့ အပိုင်းက ပါဝင်နေပါတယ်။ ဒါကြောင့် ဘဏ်ချေးငွေအပါအဝင် ချေးငွေအမျိုးမျိုးကို တိုးမြှင့်ပြီး ရသင့် ရထိုက်တဲ့သူတွေ ရနိုင်အောင် အစိုးရအဖွဲ့က ကြိုးပမ်းဆောင်ရွက်ပေးနေ ပါတယ်။ ပြည်တွင်းက ရရှိနိုင်မယ့် အရင်းအမြစ်တွေကို လည်း တိုးချဲ့ဆောင်ရွက်နေပါတယ်။ ပြည်ပက ရနိုင်သမျှ အရင်းအမြစ် တွေကို ပြည်တွင်းအတွက် တိုးမြှင့်ဆောင် ရွက်ပေးလျက်ရှိပါတယ်။

ပြည်ပကရရှိတဲ့ချေးငွေတွေရှိပါတယ်။ ဥပမာ တရုတ် ပြည် China Exim Bank ကနေ လယ်ယာကဏ္ဍ အတွက်ပေးတဲ့ ချေးငွေတွေရှိပါတယ်။ ဒီချေးငွေတွေကို ယခင်သမဝါယမဝန်ကြီးဌာနကနေ တာဝန်ယူထုတ်ချေး ပါတယ်။ ဂျပန်နိုင်ငံ ဂျပန်အပြည်ပြည်ဆိုင်ရာ ကော်ပိုရေး ရှင်းအေဂျင်စီ (JICA) က တစ်ဆင့်နှစ်ဆင့်ချေးငွေဆိုပြီး ပေးတာရှိပါတယ်။ အဲဒီချေးငွေတွေက လယ်ယာကဏ္ဍကို သွားတာရှိသလို အသေးစားနဲ့ အလတ်စားစီးပွား ရေးလုပ်ငန်းကဏ္ဍတွေကို သွားတာလည်းရှိပါတယ်။

အလားတူ ကိုရီးယားနိုင်ငံကKOICA အဖွဲ့အစည်း၊ ဂျာမနီနိုင်ငံ ဂျာမနီဖွံ့ဖြိုးရေးဘဏ်က ချေးငွေတွေကလည်း အသေးစားနဲ့ အလတ်စားစက်မှုလက်မှုလုပ်ငန်းတွေ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ စသည်ဖြင့် အမျိုး မျိုးပျံ့နှံ့သွားတာတွေရှိပါတယ်။ ထို့အတူ ပြည်တွင်းကရတဲ့ အရင်းအမြစ် တွေကိုလည်း ချဲ့နိုင်သမျှချဲ့ပြီး ဆောင်ရွက် ပေးဖို့ လုပ်ဆောင်နေပါတယ်။ ဒီနေရာမှာ နိုင်ငံတော်က ဖွဲ့စည်းထားတဲ့ ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးစီးတဲ့ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကော်မတီ ဆိုတာရှိပါတယ်။ အဲဒီ ကော်မတီရဲ့အောက်မှာ ငွေကြေးရရှိစေနိုင်မှုဆိုင်ရာများ လုပ်ငန်းကော်မတီ ဆိုတာရှိပါတယ်။ အဲဒီကော်မတီမှာ ကျွန်တော်ကဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပါတယ်။ ကျွန်တော် တို့ကော်မတီဟာ တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်အသီးသီး ကို သွားရောက်ပြီး ငွေထုတ်ချေးနိုင်မယ့် အခွင့်အလမ်း တွေကို လုပ်ငန်းရှင်တွေကို ရှင်းလင်းပြောပြ ဆောင်ရွက် ပေးလျက်ရှိပါတယ်။ ပြည်တွင်းအရင်းအမြစ်တွေကို ကော်မတီက ရှာဖွေတဲ့အခါ မြန်မာ့ စီးပွားရေးဘဏ်၊ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဆောက်လုပ်ရေးနဲ့ အိမ်ရာဖွံ့ဖြိုး ရေးဘဏ်၊ စက်မှုလက်မှု ဖွံ့ဖြိုးရေးဘဏ်နဲ့ အခြားပုဂ္ဂလိက ဘဏ်တွေအပါအဝင် အခြားသက်ဆိုင်ရာ ဘဏ်တွေကနေ လက်ရှိချေးနေတဲ့ ချေးငွေ အနေအထားနဲ့ ထပ်မံထုတ်ချေး ပေးနိုင်မယ့် အနေအထားတွေကို သုံးသပ်ပြီး နိုင်ငံတော်က ဦးစားပေး အစီအစဉ်အလိုက် ဆောင်ရွက်နေတဲ့ ကဏ္ဍအသီးသီးကို ရောက်ရှိအောင် ဆက်လက်ထုတ်ချေးဖို့ စီစဉ်တာဖြစ်ပါတယ်။

ပြည်တွင်းအင်အားကိုယူပြီး ထုတ်ချေးမယ်ဆိုတာက လည်း မြန်မာ့စီးပွားရေးဘဏ်အနေနဲ့ အပ်ငွေအများ ဆုံးရှိတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် ပုံမှန်ချေးနေတဲ့Commercial Loan လို့ခေါ်တဲ့ စီးပွားရေးချေးငွေ ကတော့ တစ်နှစ်ကို အတိုးနှုန်း ၁၃ ရာခိုင်နှုန်းနဲ့ ထုတ်ချေး ပါတယ်။ ဒီစီးပွားရေးချေးငွေမှာ သက်တမ်းက တစ်နှစ်ပဲ ချေးနိုင်တယ်ဆိုတဲ့ အနေအထား၊ အတိုးနှုန်းကလည်း ၁၃ ရာခိုင်နှုန်းထိ ပေးရတဲ့အနေအထားနဲ့ အာမခံပစ္စည်း ပေးရတယ်ဆိုတဲ့ အနေအထားလေးတွေ ရှိပတယ်။ အဲဒီမှာ ချေးငွေရဖို့ အခက်အခဲ ရှိတယ်ဆိုတဲ့ အကြောင်းလေးတွေ ရှိပါတယ်။ အခုနောက်ထပ်တိုးချဲ့ပေးမယ်ဆိုတဲ့ ချေးငွေက တော့ မြန်မာ့ စီးပွားရေးဘဏ်က ပုံမှန် ၁၃ ရာခိုင်နှုန်းနဲ့ ပေးတဲ့ စီးပွားရေးချေးငွေတွေအပြင် နိုင်ငံတော်အတွက် လိုအပ်ချက်အရ အထူးကိစ္စအဖြစ် မူဝါဒဆိုင်ရာချေးငွေများ ဆိုပြီး ပေးမှာဖြစ်ပါတယ်။ မူဝါဒဆိုင်ရာချေးငွေတွေကို ပေးတဲ့အခါ ဂျပန်နိုင်ငံက ပေးတဲ့ချေးငွေက လယ်ယာကဏ္ဍနဲ့ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေကို အဆင့်နှစ်ဆင့် ချေးငွေအဖြစ်သွားသလို မြန်မာ့စီးပွားရေးဘဏ်ကလည်း လယ်ယာကဏ္ဍနဲ့ အသေးစားနဲ့ အလတ်စားလုပ်ငန်း တွေကို အဆင့်နှစ်ဆင့်ချေးငွေအဖြစ်နဲ့သွားဖို့ ပထမစီစဉ်ပါတယ်။

ဂျပန်နိုင်ငံကနေ မြန်မာနိုင်ငံကို ချေးတဲ့ချေးငွေ Two Step Loan ဆိုတာက ဂျပန်အစိုးရကနေ မြန်မာအစိုးရကို ပထမတစ်ဆင့်ပေးတယ်။ မြန်မာအစိုးရကနေ သက်ဆိုင်ရာ ကဏ္ဍကိုရောက်ဖို့ ဒုတိယ တစ်ဆင့်ထပ်ပေးတယ်။ အလား တူ မြန်မာ့စီးပွားရေးဘဏ်ကနေ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ကို ပထမတစ်ဆင့်ပေးတယ်။ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ကနေ သက်ဆိုင်ရာလယ်ယာကဏ္ဍမှာရှိတဲ့ တောင်သူလယ်သမားအပါအဝင် လုပ်ငန်းရှင်တွေဆီကို ဒုတိယအဆင့်အဖြစ်ပေးမှာဖြစ်ပါတယ်။ မြန်မာ့ စီးပွားရေးဘဏ်က မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကို အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းနဲ့ပေးမယ်။ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က အတိုးနှုန်း ကိုးရာခိုင်နှုန်းနဲ့ လုပ်ငန်းရှင် တွေဆီကို ထပ်ဆင့်ချေးပါမယ်။ မြန်မာ့စီးပွားရေးဘဏ်က အခြားပုဂ္ဂလိကဘဏ်တစ်ခုခုကို ပထမတစ်ဆင့်ပေးပြီး သက်ဆိုင်ရာ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းရှင် တွေဆီ ရောက်အောင်ချေးတဲ့နည်း၊ သို့မဟုတ် မြန်မာ့ စီးပွားရေးဘဏ်က စီးပွားရေးလုပ်ငန်းရှင်တွေကို တိုက်ရိုက် ထုတ်ချေးတဲ့ နည်းတွေ ရှိပါတယ်။ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေဆီချေးတာက ၁၃ ရာခိုင် နှုန်းနဲ့ချေးတဲ့ စီးပွားရေးချေးငွေမဟုတ်ဘဲ အထူးကိစ္စ အဖြစ်ချေးတဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်း တွေဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးတဲ့ငွေဖြစ်ပါတယ်။

တိုးချဲ့ပြီးလုပ်မယ့် ချေးငွေအစီအစဉ်မှာ ရည်ရွယ်ချက် တွေရှိပါတယ်။ အာမခံပစ္စည်း ပေးနေရတယ်ဆိုတဲ့ အနေ အထားမှာ အာမခံပစ္စည်းပေးရင်ရသလို အာမခံပစ္စည်း မပေးနိုင်ရင်လည်း ချေးငွေကို ရနိုင်တယ်ဆိုတဲ့ နည်းလမ်း တွေကိုပါ ထည့်သွင်းစဉ်းစားပြီး ချေးမယ့်သူနဲ့ ထုတ်ချေး မယ့်ဘဏ်နဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေရှိပါတယ်။ ချေးငွေ သက်တမ်းမှာ လက်ရှိစီးပွားရေးချေးငွေက တစ်နှစ် သက်တမ်းပဲ ချေးနိုင်တဲ့ အနေအထားကနေ အခုပေးမယ့် ချေးငွေတွေမှာ နှစ်လတ်နဲ့နှစ်ရှည်ဆိုပြီး ခွဲထားပါတယ်။ နှစ်လတ်ကိုသုံးနှစ်လောက်ထားပြီး နှစ်ရှည်ကို ငါးနှစ် လောက်ထားနိုင်ဖို့ စီစဉ်ထားပါတယ်။ အတိုးနှုန်းအနေနဲ့ စီးပွားရေးချေးငွေက ၁၃ ရာခိုင်နှုန်းဖြစ်ပါတယ်။ မူဝါဒနဲ့ ကိုက်ညီတဲ့ ချေးငွေကိုရဖို့ ကိုက်ညီသူတွေက ၁၃ ရာခိုင် နှုန်းထက် သက်သာပါမယ်။ ဥပမာ လယ်ယာကဏ္ဍအတွက် သွားတဲ့ ချေးငွေတွေဆိုရင် ၈ ဒသမ ၅ ရာခိုင်နှုန်း၊ ကိုးရာခိုင်နှုန်းတို့နဲ့ ရရှိအောင်စီစဉ်ထားပါတယ်။ အလားတူ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေမှာလည်း ကိုးရာခိုင်နှုန်းနဲ့ရအောင် စီစဉ်ထားပါတယ်။ ဒါတွေက ကျွန်တော်တို့ တိုးချဲ့ဆောင်ရွက်မယ့် အစီအစဉ်တွေပါ။

လယ်ယာကဏ္ဍအပါအဝင် အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေအပြင် ဆောက်လုပ်ရေး ကဏ္ဍကိုလည်း ပေးမှာဖြစ်ပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ခြင်းဟာ ဆောက်လုပ်ရေး ကုမ္ပဏီတွေအကျိုးသာမက ဆောက်လုပ်ရေးလုပ်ငန်း ကုမ္ပဏီတွေနဲ့ဆက်စပ်ပြီး ဆောင်ရွက်နေတဲ့သူတွေကိုပါ အကျိုးသက်ရောက်စေတာဖြစ်တဲ့အတွက် ဆောက်လုပ် ရေးကဏ္ဍကို မြေတောင်မြှောက်ပေးဖို့အတွက် ဆောက်လုပ် ရေးကဏ္ဍမှာ အရင်းအနှီးလိုနေတဲ့သူတွေဆီကို လိုအပ်တဲ့ ချေးငွေပံ့ပိုးပေးဖို့ အစီအစဉ်တွေရှိပါတယ်။ ထပ်မံတိုးချဲ့မယ့် ချေးငွေနဲ့ပတ်သက်လို့ လိုအပ်တဲ့ မူဝါဒတွေကို အသေး စိတ်ရေးဆွဲနေပါတယ်။ သက်ဆိုင်ရာဘဏ်တွေမှာလည်း အသေးစိတ် ရေးဆွဲပြီးတဲ့ အခါ ရုံးချုပ်ကနေ အောက်ခြေ ဘဏ်ခွဲတွေအထိ ရှင်းလင်းပြောကြားပြီး Customer တွေနဲ့ ဆက်သွယ် ဆောင်ရွက်ရမယ့်ကိစ္စတွေဖြစ်တဲ့အတွက် လာမယ့် ၂ဝ၁၈ ဇန်နဝါရီလမှာ စတင် အကောင်အထည် ဖော်နိုင်အောင် ဆောင်ရွက်နေပါတယ်။

ပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ ပြေလည်နိုင်သမျှပြေလည်အောင် ဘဏ္ဍာရေးရှုထောင့် အပိုင်းကနေ ကူညီပံ့ပိုးပေးလျက်ရှိပါတယ်။ ချေးငွေကို လုပ်ငန်းအတွက် အကျိုးရှိအောင်အသုံးချပြီး အတိုးတွေ၊ အရင်းတွေကို သတ်မှတ်ကာလတွေမှာ အပြည့်အဝ ပြန်လည်ပေးဆပ်မှသာ ငွေကြေးလည်ပတ်မှု ပုံမှန်လည်ပတ်ပြီး ချေးငွေရသွားတဲ့သူတွေအတွက် လုပ်ငန်းတွေ တိုးတက် သွားမယ်၊ မရသေးတဲ့သူတွေအတွက် အခွင့် အလမ်းတွေရရှိမှာ ဖြစ်ပါတယ်။ ချေးငွေသက်တမ်းလည်း ပိုရအောင်၊ ချေးငွေအတိုးနှုန်းလည်း သက်သာအောင် ဆောင်ရွက်ပေးချင်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီးက မရောက်သေးတဲ့နေရာတွေ၊ မရသေးတဲ့ သူတွေကို ရစေချင် ရောက်စေချင်ပါတယ်။ သက်ဆိုင်ရာ ဒေသအလိုက် ဦးစားပေးကဏ္ဍတွေ၊ လုပ်ငန်းတွေကို ဒေသ ထောက်ခံချက်တွေနဲ့အတူ ရရှိအောင် ညှိနှိုင်းဆောင်ရွက် ပေးဖို့ အစီအစဉ်တွေရှိပါတယ်။

ဦးမင်းသူ

(ဦးဆောင်ညွှန်ကြားရေးမှူး၊

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်)

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဟာ တောင်သူတွေ အတွက်လိုအပ်တဲ့ စိုက်ပျိုးစရိတ်ချေးငွေကို အဓိက ထုတ်ချေးပေးနေတဲ့ ဘဏ်တစ်ခုဖြစ်ပါတယ်။ တိုင်းဒေသ ကြီးနဲ့ ပြည်နယ်ဘဏ်ခွဲပေါင်း ၁၅ ခု၊ မြို့နယ်ဘဏ်ခွဲပေါင်း ၂ဝ၈ ဘဏ်နဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ မြို့နယ်ပေါင်း ၂၅ဝ ကျော်က တောင်သူတွေအတွက် နှစ်စဉ်လိုအပ်တဲ့ စိုက်ပျိုး စရိတ်ချေးငွေကို အဓိကထုတ်ချေးပေးနေပါတယ်။ စိုက်ပျိုး စရိတ်ချေးငွေ လိုအပ်ချက်ဟာ နိုင်ငံတော်ရဲ့ကုန်ထုတ် လုပ်မှုမြင့်မားလာတာနဲ့အမျှ တဖြည်းဖြည်းမြင့်တက်နေ မှာဖြစ်ပါတယ်။ ဒါကြောင့် ၂ဝ၁၆ ခုနှစ်ကဆိုရင် ငွေကျပ် ဘီလီယံ ၁၆၃ဝ ထုတ်ချေးခဲ့ပါတယ်။ ၂ဝ၁၇ - ၂ဝ၁၈ ဘဏ္ဍာနှစ်မှာ ငွေကျပ် ဘီလီယံပေါင်း ၁၉၈ဝ အထိ ထုတ်ချေးနိုင်ဖို့ လျာထားဆောင်ရွက်လျက်ရှိပါတယ်။ ဒီနေ့ အထိဆိုရင် စိုက်ပျိုးစရိတ်ချေးငွေကျပ် ဘီလီယံပေါင်း ၁၄၄ဝ အထိ ထုတ်ချေးပြီးဖြစ်ပါတယ်။ ဆက်လက်ပြီး တော့လည်း ထုတ်ချေးပေးလျက်ရှိပါတယ်။

ဒီလို ရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေတွေ ထုတ်ချေးပေးနေသလို စိုက်ဧကများတဲ့ တောင်သူ လယ်သမား တွေကို ထုတ်ချေးပေးချင်တဲ့အခါ လည်ပတ်နေတဲ့ငွေနဲ့ မလုံလောက်ပါဘူး။ ဒါကြောင့် ဂျပန်အစိုးရနဲ့ မြန်မာအစိုးရ ညှိနှိုင်းမှုအစီအစဉ်အရ (JICA Two Step Loan ) ဆိုတာ ဖြစ်ပေါ်လာခဲ့ပါတယ်။ JICA ကနေ မြန်မာအစိုးရ ကတစ်ဆင့်ယူတယ်။ မြန်မာအစိုးရကနေ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ အဲဒီကနေတစ်ဆင့် တောင်သူလယ်သမား တွေရဲ့ စိုက်ပျိုးမွေးမြူရေးအခြေခံစီးပွားရေးလုပ်ငန်းတွေ ကို ထုတ်ချေးပေးမှာ ဖြစ်ပါတယ်။ ချေးငွေပမာဏက ဂျပန်ယန်း ၁၅ ဒသမ ၁၃၅ ဘီလီယံရှိပါတယ်။ မြန်မာ ကျပ်ငွေအနေနဲ့ဆိုရင် ငွေကျပ် ၁၈ဝ ဘီလီယံနီးပါးရှိပါ တယ်။ ဒီချေးငွေဟာ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်ကနေ နှစ်ပေါင်း ၄ဝ အထိ သက်တမ်းရှိမှာဖြစ်ပါတယ်။ ဂျပန် အစိုးရကို ဆိုင်းငံ့ကာလ ၁ဝ နှစ်နဲ့ ပြန်ဆပ်ကာလ နှစ် ၃ဝ စုစုပေါင်း နှစ် ၄ဝ အထိ သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ တောင်သူတွေကို သုံးနှစ်အတွင်းပြန်ဆပ်ရမယ့် နှစ်တို ချေးငွေ၊ ငါးနှစ်အတွင်းပြန်ဆပ်ရမယ့် နှစ်ရှည်ချေးငွေ ဆိုပြီး ချေးမှာဖြစ်ပါတယ်။ နှစ်တိုချေးငွေကို လယ်ယာ လုပ်ငန်းမှာလိုအပ်တဲ့ စက်ကိရိယာအသေးစားတွေအတွက် ထုတ်ချေးခွင့်ရမှာ ဖြစ်ပါတယ်။ နှစ်ရှည်ချေးငွေမှာ စက် ကိရိယာအကြီးစားတွေ၊ ဂိုဒေါင်တွေ၊ သိုလှောင်ရုံတွေအပြင် တန်ဖိုးမြှင့် ထုတ်ကုန်တွေ ထုတ်နိုင်တဲ့စက်ရုံတွေအထိ ထုတ်ချေးခွင့်ရမှာ ဖြစ်ပါတယ်။

တောင်သူတွေအနေနဲ့ တစ်ဦးချင်း ကျပ်သိန်း ၅ဝဝ အထိ ထုတ်ချေးလို့ရပါတယ်။ ဒီထက်မက လိုအပ်ခဲ့ရင် တောင်သူ တွေအနေနဲ့ သုံးယောက်ကနေ ၁ဝ ယောက်အထိ အစု အဖွဲ့တွေ ဖွဲ့ရမယ်။ ဒါဆိုရင် ကျပ်သိန်း ၅ဝဝဝ အထိ ထုတ်ချေးနိုင်ပါတယ်။

တောင်သူတွေ လိုအပ်တဲ့ စက်ကိရိယာတွေအတွက် တောင်သူတွေ စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။ လုပ်ငန်းရှင် တွေအနေနဲ့ တောင်သူတွေကို စေတနာထားပြီး ရောင်းချ ပေးစေချင်ပါတယ်။ အရည်အသွေးကောင်းတာတွေ ပျက် ရင် ချက်ချင်းအစားထိုးပြင်ဆင်နိုင်တဲ့စက်တွေ ရောင်းချ ပေးစေချင်တယ်။ ဆောင်ရွက်ပေးစေချင်တယ်။ ဒါမှ ချေးငွေနဲ့ ဝယ်ယူတဲ့ တောင်သူတွေအတွက် လုပ်ငန်းတွေကို တိုးချဲ့လာနိုင်မယ်၊ လယ်ယာ ကုန်ထုတ်လုပ်ငန်းတွေ ထွန်းကားလာမယ်၊ ပို့ကုန်တွေမြှင့်တင်လာနိုင်မှာဖြစ်ပါတယ်။ နိုင်ငံတော်အတွက် ကုန်ထုတ်လုပ်မှုကို အထောက် အကူပြုစေမှာဖြစ်ပါတယ်။ ဒီထုတ်ချေးမယ့် အစီအစဉ် ဟာ နှစ်စဉ်စိုက်ပျိုးစရိတ်ချေးငွေနဲ့ ဆောင်ရွက်လို့ မရနိုင် တဲ့ ချေးငွေပမာဏကို ကွပ်လပ်ဖြည့်ပေးတဲ့ များစွာ အထောက်အကူဖြစ်စေတဲ့ ချေးငွေဖြစ်ပါတယ်။

ငါးနှစ်တစ်ကြိမ် ကျပ်ဘီလီယံ ၁၈ဝ ကို လည်ပတ်မှာ ဖြစ်ပြီး နှစ်ပေါင်း ၄ဝ အတွင်းမှာ ရှစ်ကျော့လောက် ပြန်ကျော့ နိုင်တဲ့အတွက် အင်မတန်အကျိုးရှိတဲ့ ချေးငွေဖြစ်ပါတယ်။ နေပြည်တော် ကောင်စီ နယ်မြေ အပါအဝင် တစ်နိုင်ငံလုံးတစ်ပြေးညီဖွံ့ဖြိုးတိုးတက်စေလိုတဲ့ နိုင်ငံတော်ရဲ့ စေတနာ ရည်ရွယ်ချက်နဲ့ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်မှာ နေပြည်တော် ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ် အားလုံးမှာ စတင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အခု ပြည်နယ်နဲ့ တိုင်းဒေသကြီး ငါးခုမှာ စတင် ဆောင်ရွက်နေပါပြီ။ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာလည်း ဆက်လက် ဆောင်ရွက်လျက် ရှိပါတယ်။ တောင်သူတွေအနေနဲ့ သက်ဆိုင်ရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ တိုင်းဒေသကြီး ဘဏ်ခွဲတွေ မြို့နယ်ဘဏ်ခွဲတွေနဲ့ ဆက်သွယ် ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်။

ချေးငွေဟာ နှစ်စဉ် စိုက်ပျိုးစရိတ်ချေးငွေလို အတိုး နှုန်း ရှစ်ရာခိုင်နှုန်းပဲ ရယူထားတဲ့အတွက် တစ်လကို ဒသမ ၆၇ ကျပ် ပဲယူထားတာဖြစ်ပါတယ်။ အာမခံပစ္စည်းရယူမှု အနေနဲ့ ဝယ်ယူမယ့် စက်ပစ္စည်းတန်ဖိုးရဲ့ ၃ဝ ရာခိုင်နှုန်းကို စုဆောင်းငွေအနေနဲ့ ဘဏ်မှာ ဦးစွာအပ်နှံရမှာဖြစ်ပါတယ်။ အဲဒီလို အပ်နှံတဲ့အတွက် ဘဏ်အနေနဲ့ ရှစ်ရာခိုင်နှုန်းအတိုး ပြန်ပေးမှာဖြစ်ပါတယ်။ လက်ရှိ စိုက်ပျိုးစရိတ်ချေးငွေ အတွက် ပုံစံ (၇)ကို ရယူထားခြင်း မရှိပါဘူး၊ ဂျိုက်ကာ တူးစတက်လုံးမှာတော့ အာမခံအဖြစ် ရယူထားမှာဖြစ်ပါ တယ်။ ချေးငွေနဲ့ ဝယ်ယူတဲ့ စက်ကိရိယာတွေနဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေကို အာမခံအဖြစ် ရယူထားမှာ ဖြစ်ပါတယ်။ ဒါနဲ့လုံလောက်မှုမရှိရင် ပိုင်ဆိုင်တဲ့ပစ္စည်း တွေကို အာမခံရယူထားမှာ ဖြစ်ပါတယ်။

ဒီလိုရယူရခြင်း ဟာ တန်ဖိုးအင်မတန်ကြီးမားတဲ့အတွက် ပြန်လည် ပေးဆပ်တဲ့နေရာမှာ အခက်အခဲ မရှိစေဖို့ဖြစ်ပါတယ်။ ၃ဝ ရာခိုင်နှုန်း စုဆောင်းငွေတွေကို ပေါင်းရင် ဘီလီယံ ၅ဝ ကျော်ရှိပြီး အမှန်တကယ် ချေးငွေလိုအပ်တဲ့ ကဏ္ဍတွေမှာ ပြန်လည်ထုတ်ချေးမှာဖြစ်တဲ့အတွက် အကျိုးရှိတဲ့ အစီအစဉ် တစ်ခု ဖြစ်ပါတယ်။ ဒီချေးငွေလိုပဲ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ကနေ ထုတ်ချေးမယ့် အစီအစဉ်လည်း ရှိပါတယ်။ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်အနေနဲ့ ငွေပင်ငွေရင်း လည်ပတ်ဖို့ အင်မတန်နည်းပါတယ်။ စုဆောင်းငွေ ပမာဏကြီးမားတဲ့ မြန်မာ့စီးပွားရေးဘဏ် ကနေ ယူရတာ ဖြစ်ပါတယ်။ မကြာမီကာလမှာ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေနဲ့ မြန်မာ့စီးပွားရေး ဘဏ်ကနေ ကျပ် ဘီလီယံ ၂ဝဝ လောက်ယူပြီး ချေးငွေ အစီအစဉ်တွေမှာ ပါဝင်ခွင့်မရတဲ့ တောင်သူတွေ၊ လုပ်ငန်း ရှင်တွေနဲ့ စိုက်ပျိုးမွေးမြူရေးအခြေခံတဲ့ စီးပွားရေးလုပ်ငန်း တွေကို အတိုးနှုန်း ကိုးရာခိုင်နှုန်းလောက်နဲ့ ထုတ်ချေးသွား မှာဖြစ်ပါတယ်။ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလလောက်မှာ စတင်နိုင်မယ်လို့ မျှော်မှန်းထားပါတယ်။ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းရှင်တွေအနေနဲ့ သက်ဆိုင်ရာဘဏ်ခွဲတွေကို ဆက်သွယ်ဆောင်ရွက်ကြစေလိုပါတယ်။

ဂျိုက်ကာချေးငွေအစီအစဉ်ကတော့ တောင်သူတွေ လက်ထဲကို ငွေပေးတဲ့အစီအစဉ် မဟုတ်ပါဘူး။ တောင်သူ တွေအနေနဲ့ လိုချင်တဲ့စက်ကိရိယာကို နှစ်သက်ရာကုမ္ပဏီ တွေမှာ ရွေးချယ်ရပါမယ်။ အဲဒီလို တောင်သူတွေ ရွေးချယ် ပေးတဲ့စက်ကိရိယာကို ကျွန်တော်တို့က ကုမ္ပဏီကို Cross Cheque နဲ့ ငွေပေးချေမယ်။ တောင်သူတွေက စက်ကိရိယာ ကို အပိုင်ရသွားမှာဖြစ်ပါတယ်။ တောင်သူတွေအနေနဲ့ ပြန်လည်ပေးဆပ်တဲ့အချိန်မှာ အပင်ပန်းမကြီးဘဲ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ စိုက်ပျိုးဧကတွေ၊ ထုတ်လုပ်မှုတွေ၊ အကျိုးအမြတ်ရရှိမှုတွေနဲ့ ချေးငွေကို ပြန်လည်ပေးဆပ် နိုင်စွမ်း စတာတွေကို စိစစ်ပြီး ချေးသင့်တဲ့ တောင်သူတွေကို ထုတ်ချေးပေးသွားမှာ ဖြစ်ပါတယ်။ ဂျိုက်ကာအစီအစဉ်ဟာ နှစ် ၄ဝ အတွင်းမှာ အကျိုးရှိအောင် အသုံးချရမယ့် အစီ အစဉ်ဖြစ်ပါတယ်။ ချေးငွေဖြစ်တဲ့အတွက် ပြန်လည် ပေးဆပ်ရမှာဖြစ်ပါတယ်။ ငါးနှစ်အတွင်း ချေးခွင့်ရတဲ့တောင်သူတွေ က သတ်မှတ်ကာလတွေမှာ ပြန်လည် ပေးဆပ်မှသာ နောက်ငါးနှစ်မှာ ကျန်တဲ့တောင်သူတွေကို ထုတ်ချေးပေး နိုင်မှာဖြစ်ပါတယ်။ ပေးဆပ်မှု ကောင်းမှသာ နောက် တစ်ဆင့်သူတွေအတွက် လက်လွှဲချေးပေးနိုင်မှာ ဖြစ်ပါ တယ်။

ဒေါ်တင်တင်ရည်

(အထွေထွေမန်နေဂျာ၊ မြန်မာ့စီးပွားရေးဘဏ်)

မြန်မာ့စီးပွားရေးဘဏ်အနေနဲ့ လယ်ယာကဏ္ဍအတွက် ကျပ်ဘီလီယံ ၂ဝဝ အထိ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်း (Small and Medium Enterprise- SME) အတွက် ကျပ်ဘီလီယံ ၂၅ဝ အထိ ချေးဖို့ လျာထားပြီးဖြစ်ပါတယ်။ လယ်ယာကဏ္ဍအတွက် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေး ဘဏ်က တစ်ဆင့် တောင်သူတွေကို ထုတ်ချေးမှာဖြစ်ပြီးတော့SME ကဏ္ဍမှာတော့ မြန်မာ့ စီးပွားရေး ဘဏ်ကSME လုပ်ငန်းရှင်တွေကို တိုက်ရိုက် ထုတ်ချေးမှာဖြစ်ပါတယ်။

မြန်မာ့စီပွားရေးဘဏ်က မြန်မာ့လယ်ယာ ဖွံ့ဖြိုး ရေးဘဏ်ကို အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်း ထုတ်ချေး မှာဖြစ်ပါတယ်။ ချေးငွေသက်တမ်းက နှစ်လတ်ချေးငွေ အမျိုးအစားဖြစ်ပြီးတော့ သုံးနှစ်ကနေ ငါးနှစ်အထိဖြစ် ပါတယ်။

၂ဝ၁၅ ခုနှစ် အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေနဲ့ ညီညွတ်ပြီးSMEလိုင်စင်ရရှိထားတဲ့ အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေက ချေးငွေ ရယူနိုင်ပါတယ်။ ဒါ့အပြင် တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စု နယ်မြေအစိုးရရဲ့ ထောက်ခံချက် SMEs အေဂျင်စီတွေရဲ့ ထောက်ခံချက်ရရှိတဲ့ အဖွဲ့အစည်းနဲ့ ပုဂ္ဂိုလ်တွေကို ဦးစားပေးထုတ်ချေးမှာ ဖြစ်ပါတယ်။

ဦးစားပေးအဖြစ် သတ်မှတ်ထားတဲ့ လုပ်ငန်းတွေရှိ ပါတယ်။ ဒီလုပ်ငန်းတွေကတော့ ပြည်ပပို့ကုန် အထောက်အကူပြု ကုန်ထုတ်လုပ်ငန်း၊ သွင်းကုန်အစားထိုး ကုန်ထုတ် လုပ်မှု၊ စိုက်ပျိုးရေးအခြေခံ ကုန်ထုတ်လုပ်မှု၊ မွေးမြူရေး အခြေပြု ထုတ်လုပ်မှု၊ နည်းပညာ အခြေခံထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှု ကဏ္ဍတွေကို ဦးစားပေးထုတ်ချေးမှာ ဖြစ်ပါ တယ်။

နိုင်ငံအတွင်း တိုင်းဒေသကြီး၊ ပြည်နယ်တွေမှာရှိတဲ့ SME သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့SME လုပ်ငန်း အားလုံး ကို ချေးငွေမျှတစွာရရှိဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မြန်မာ့စီးပွားရေးဘဏ်ကSMEလုပ်ငန်းရှင်တွေကို ပုံမှန်အတိုးနှုန်း ၁၃ ရာခိုင်နှုန်းထက် လျော့နည်း သက်သာတဲ့ အတိုးနှုန်းနဲ့ ထုတ်ချေးမှာပါ။ အကြမ်းဖျင်းလျာထား အတိုးနှုန်းကတော့ ကိုးရာခိုင်နှုန်း ဖြစ်ပါတယ်။ ချေးငွေ သက်တမ်းကတော့ နှစ်လတ်ချေးငွေ သက်တမ်း သုံးနှစ်က နေ ငါးနှစ်ဖြစ်ပါတယ်။

အဖွဲ့အစည်းတစ်ခု၊ လူပုဂ္ဂိုလ်တစ်ဦးကို အများဆုံး ကျပ်သန်း ၁ဝဝဝ အထိ ထုတ်ချေးဖို့ လျာထား သတ်မှတ်ထား ပါတယ်။SME လုပ်ငန်းရှင်တွေအနေနဲ့ ရရှိလာတဲ့ ချေးငွေကို လှည့်လည်ရင်းနှီးငွေအဖြစ် ငါးဆယ်ရာခိုင်နှုန်း၊ ပုံသေရင်းနှီးငွေအဖြစ် ငါးဆယ်ရာခိုင်နှုန်း အသုံးပြုဖို့ သတ်မှတ်ပါတယ်။ ဒါပေမယ့် SME လုပ်ငန်းတွေရဲ့ လုပ်ငန်းပုံစံအပေါ် မူတည်ပြီး ဘဏ်က သင့်လျော်သလို ပြောင်းလဲ သတ်မှတ်ပေးသွားမှာဖြစ်ပါတယ်။

အဓိကကတော့ မရွှေ့မပြောင်းနိုင်တဲ့မြေနဲ့ အဆောက် အအုံတွေအပြင် ရွှေ့ပြောင်းနိုင်တဲ့ စက်၊ ယာဉ်၊ ယန္တရား တွေကိုလည်း အာမခံအနေနဲ့ ပေးလို့ရပါတယ်။ ဒါ့အပြင် ရွှေထည်ပစ္စည်းနဲ့ ရွှေတုံးတွေ၊ ငွေစုဘဏ်အပ်ငွေနဲ့ စာရင်းသေအပ်ငွေ၊ အစိုးရ ငွေတိုက် လက်မှတ်နဲ့ ငွေတိုက် စာချုပ်တွေ၊ စတော့ရှယ်ယာ၊ ဒီဘင်ချာ၊ ဘဏ်အာမခံ၊ အစိုးရအာမခံ၊ ချေးငွေအာမခံလက်မှတ်တွေကိုလည်း အာမခံအဖြစ် လက်ခံသွားမှာဖြစ်ပါတယ်။

မြေအမျိုးအစားအတွက် ဘိုးဘပိုင်မြေ၊ ဂရန်မြေ၊ အခြားနည်းနဲ့ အသုံးပြုခွင့်ပေးထားတဲ့ မြေ လန ၃၉ မြေ၊ ၃ (ခ) မြေ၊ လယ ၃ဝ (က) မြေ၊ လယ ၃ဝ (ခ)မြေ တို့ဖြစ်ပြီးတော့ အဆောက်အအုံ အမျိုးအစားတွေအတွက် ကွန်ကရစ်တိုက်၊ အုတ်ညှပ် အဆောက်အအုံ၊ တိုက်ခံအိမ်၊ အုတ်ပတ်ကားတိုက် အဆောက်အအုံ၊Steel Structure အဆောက်အအုံတွေကို အာမခံအဖြစ် လက်ခံသွားမှာဖြစ်ပါတယ်။

ချေးငွေမာဂျင်အနေနဲ့ အပ်ငွေတွေနဲ့ ငွေတိုက် စာချုပ်တွေအတွက် ၈ဝ ရာခိုင်နှုန်း၊ မြေတန်ဖိုးအတွက် ၇၅ ရာခိုင်နှုန်း၊ ရွှေထည်ပစ္စည်းနဲ့ ရွှေတုံးတွေအတွက် ၇ဝ ရာခိုင်နှုန်း၊ အဆောက်အအုံတန်ဖိုးအတွက် ၆၅ ရာခိုင်နှုန်း နဲ့ စက်ယာဉ်ယန္တရားတွေအတွက် ၅ဝ ရာခိုင်နှုန်း သတ်မှတ် ထားပါတယ်။

SME ချေးငွေစိစစ်အကဲဖြတ်အဖွဲ့အနေနဲ့ ကျပ်သန်း ၁ဝဝ အထိကို တိုင်းဒေသကြီး၊ ပြည်နယ်မန်နေဂျာ၊ ခရိုင်မန်နေဂျာ၊ မြို့နယ်မန်နေဂျာတို့ ပါဝင်တဲ့ အဖွဲ့က စိစစ်ဆောင်ရွက်မှာဖြစ်ပြီးတော့ ကျပ်သန်း ၁ဝဝ အထက် ကို ရုံးချုပ် SMEs ချေးငွေစိစစ်အကဲဖြတ်ရေးအဖွဲ့တွေက စိစစ်ဆောင်ရွက်ဖို့ တာဝန်ပေးအပ်မှာ ဖြစ်ပါတယ်။

ချေးငွေလျှောက်ထားလိုသူတွေက မိမိတို့ နေထိုင်ရာ မြို့နယ်၊ ခရိုင်၊ မြန်မာ့ စီးပွားရေးဘဏ် ဘဏ်ခွဲတွေ ကနေ တိုက်ရိုက်သွားရောက် လျှောက်ထားနိုင်ပါတယ်။ ပြည်နယ်၊ တိုင်းဒေသကြီး ရုံးတွေက တစ်ဆင့် မြန်မာ့စီးပွားရေးဘဏ် ရုံးချုပ် ဖွံ့ဖြိုးရေး ချေးငွေဌာနကို ဆက်လက်တင်ပြ သွားမှာဖြစ်ပြီးတော့ မြန်မာ့စီးပွားရေးဘဏ် ချေးငွေ ကော်မတီနဲ့ ဝန်ကြီးဌာန ဘဏ်ချေးငွေကော်မတီတို့က စိစစ်ခွင့်ပြုပေးမှာ ဖြစ်ပါတယ်။

SMEs ချေးငွေတွေကို ထုတ်ချေးရတဲ့အတွက် ထုတ်လုပ်မှုအခြေခံSMEလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာ ပြီး နိုင်ငံတော်ရဲ့ ပြည်တွင်းအသားတင် ထုတ်လုပ်မှု တန်ဖိုး လည်း တိုးတက်လာမှာဖြစ်ပါတယ်။ အလုပ်အကိုင် အခွင့် အလမ်းတွေ တိုးတက်လာတဲ့အတွက် နိုင်ငံရဲ့ တစ်ဦးချင်း ဝင်ငွေတိုးတက်လာစေဖို့ မျှော်မှန်းပါတယ်။