မောင်တောမြို့နယ်၌ စိတ်ကြွဆေးပြား၁၂၅၀နှင့် စိတ်ကြွဆေးအကြေမှုန့် ၈ဂရမ် သိမ်းဆည်းရမိ

Printer-friendly versionSend by email

မောင်တောမြို့နယ်၌ စိတ်ကြွဆေးပြား၁၂၅၀နှင့် စိတ်ကြွဆေးအကြေမှုန့် ၈ဂရမ် သိမ်းဆည်းရမိ

နေပြည်တော် စက်တင်ဘာ ၇

ပူးပေါင်းအဖွဲ့က မောင်တောမြို့နယ် ကညင်တန်းကျေးရွာနေ အီနူး၏ နေအိမ်သို့ စက်တင်ဘာ၄ရက် ည၇နာရီခွဲခန့်တွင် မောင်တောမြို့မရဲစခန်း မူးယစ်(ပ)၂၉/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၁ အမှုမှ ကွင်းဆက်တရားခံ ဟာရုံ(၂၅)နှစ် မြို့မတောင်ရပ်ကွက် မောင်တောမြို့နေသူ ရောက်ရှိနေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေရာ ဟာရုံအား တွေ့ရှိရပြီး ၄င်း၏ ဝဲ/ယာ ပေါင်တို့တွင် စွပ်ထားသော ဒူးစွပ်များအတွင်း ပလတ်စတစ်ကပ်ခွာအိတ်များဖြင့် ထည့်လျက် WYစိတ်ကြွဆေးပြား ၁၂၅၀(၁ပြားလျှင် ငွေကျပ် ၂၀၀၀နှုန်းဖြင့် တန်ဖိုးငွေကျပ် ၂၅သိန်း)၊ စိတ်ကြွဆေး အကြေမှုန့် ၈ဂရမ် (၁ဂရမ်လျှင် ငွေကျပ် ၂၀၀၀၀နှုန်းဖြင့် တန်ဖိုးငွေကျပ် ၁ ဒသမ ၆သိန်း) တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်အရ စိတ်ကြွဆေးပြားများအား မောင်တောမြို့ မြို့မရပ်ကွက်၌ အမျိုးသားတစ်ဦးထံမှ ဝယ်ယူခဲ့ကြောင်း သိရှိရသဖြင့် ဟာရုံအား မောင်တောမြို့မရဲစခန်း၌ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းနှင့် ကွင်းဆက်တရားခံ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။