မောင်တောမြို့နယ်၌ စိတ်ကြွဆေးပြား ၁၈၅၀၀ သိမ်းဆည်းရမိ

Printer-friendly versionSend by email

မောင်တောမြို့နယ်၌ စိတ်ကြွဆေးပြား ၁၈၅၀၀ သိမ်းဆည်းရမိ

နေပြည်တော် ဩဂုတ် ၁၃

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ယနေ့နံနက်ပိုင်းက စိတ်ကြွဆေးပြား ၁၈၅၀၀ သိမ်းဆည်းရရှိကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နံနက် ၁ နာရီခန့်တွင် ရေယာဉ်နှစ်စင်းဖြင့် မောင်တောမြို့နယ် ဦးစောလှကျွန်း တောင်ဘက်ထိပ်အနီး၌ နတ်မြစ်အတွင်း လှည့်ကင်းဆောင်ရွက်စဉ် မြန်မာနိုင်ငံဘက်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ပလတ်စတစ်ပုံးဖြင့် ကူးခတ်နေသည့် အမျိုးသားတစ်ဦးအား တွေ့ရှိ၍ လိုက်လံဖမ်းဆီးရာ မိုးရွာခြင်း၊ နှစ်နိုင်ငံနယ်နိမိတ်နီးကပ်နေခြင်းနှင့် ညအမှောင်ထုကိုရောက်ရှိနေခြင်းတို့ကြောင့် ဖမ်းဆီးရမိခြင်းမရှိခဲ့ဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

အဆိုပါနေရာအနီးတွင် ကျောပိုးအိတ်တစ်လုံးကို တွေ့ရှိရသဖြင့် ဖွင့်ဖောက်စစ်ဆေးရာ WY စာတန်းပါ စိတ်ကြွဆေးပြား ၁၈၅၀၀ (တစ်ပြားလျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် တန်ဖိုးငွေကျပ်သိန်း ၃၇၀) အား သိမ်းဆည်းရမိခဲ့၍ ငါးခူရနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။