ဖုံညိုလိပ်ကျေးရွာအနီး၌ AA အဖွဲ့နှင့် ပတ်သက်ဆက်နွှယ်သဖြင့် ဖမ်းဆီးထိန်းသိမ်းထားသူတစ်ဦးအား ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိ

Printer-friendly versionSend by email

ဖုံညိုလိပ်ကျေးရွာအနီး၌ AA အဖွဲ့နှင့် ပတ်သက်ဆက်နွှယ်သဖြင့် ဖမ်းဆီးထိန်းသိမ်းထားသူတစ်ဦးအား ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိ

နေပြည်တော် ဩဂုတ် ၈

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဖုံညိုလိပ်ကျေးရွာအနီး AA အဖွဲ့နှင့် ပတ်သက်ဆက်နွှယ်သူတစ်ဦး ဖမ်းဆီးရမိသည့်သတင်းအား ဩဂုတ် ၇ ရက်တွင် သတင်းထုတ်ပြန်ပြီးဖြစ်သည်။

အဆိုပါဖမ်းဆီးရမိသူအား ပဏာမစစ်ဆေးမေးမြန်းချက်အရ ၎င်းသည် ပြင်ချောင်းကျေးရွာ အလယ်တန်း ကျောင်းခွဲမှ မူလတန်းပြကျောင်းဆရာတစ်ဦးဖြစ်ကြောင်း သိရှိရပြီး ၎င်းနှင့်အတူ သိမ်းဆည်းရမိသည့် လက်ကိုင်ဖုန်းအတွင်းမှ AA အဖွဲ့နှင့် ဆက်သွယ်ထားသောစာများအား တွေ့ရှိသဖြင့် ဆက်လက်စုံစမ်း စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။