မြောက်ဦးမြို့နယ်၌ ခိုလှုံရန်ရောက်ရှိနေသော ပြည်သူများအတွက် ကယ်ဆယ်ရေးစခန်းများ တည်ဆောက်လျက်ရှိ

Printer-friendly versionSend by email

မြောက်ဦးမြို့နယ်၌ ခိုလှုံရန်ရောက်ရှိနေသော ပြည်သူများအတွက် ကယ်ဆယ်ရေးစခန်းများ တည်ဆောက်လျက်ရှိ

မြောက်ဦး ဇွန် ၂၁

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်၌ ပစ်ခတ်မှုဖြစ်စဉ်များကြောင့် ခိုလှုံရာကယ်ဆယ်ရေး စခန်းများသို့ ရောက်ရှိကာ ခိုလှုံနေကြသော ပြည်သူများကို မိုးရာသီတွင် အဆင်ပြေ နေထိုင်နိုင်ရန် ရည်ရွယ်၍ တည်ဆောက်လျက်ရှိသော အဆောက်အအုံများ ဆောက်လုပ်နေ မှုကို ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဇွန် ၁၉ ရက် နံနက်၁၀ နာရီက သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးမှုကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးသိန်း ဦးဆောင်ကာ ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများနှင့် မြို့မိ မြို့ဖများက အောင်ချမ်းသာ ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်လျက်ရှိသော ကယ်ဆယ်ရေးစခန်းများ ပြီးစီးမှုအခြေအနေကို ကွင်းဆင်းစစ်ဆေးရာ ကုမ္ပဏီမှ တာဝန်ရှိသူများက ဆောင်ရွက်ပြီးစီးနေမှု အခြေအနေနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။

အဆိုပါ ကယ်ဆယ်ရေးစခန်းကို မြောက်ဦးမြို့နယ် နန်းကျကျေးရွာတွင် တည်ဆောက် လျက်ရှိပြီး လူနေဆောင် ၁၂၅ ဆောင်၊ နှစ်ခန်းတွဲအိမ်သာ အလုံး ၁၀၀ ၊ စားဖိုဆောင် သုံးဆောင်ပါရှိပြီး အဆောက်အအုံ၏ အလျားမှာ ပေ ၁၀၀ နှင့် အနံ ပေ ၃၀ ဖြစ်ကာ တည်ဆောက်မှုများ ပြီးစီးပါက အိမ်ထောင်စု ၂၅၀၀ ကျော် နေထိုင်နိုင်မည်ဖြစ်ကြောင်း သိရသည်။