မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ရေမိုင်လှည့်ကင်းဆောင်ရွက်

Printer-friendly versionSend by email

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ရေမိုင်လှည့်ကင်းဆောင်ရွက်

နေပြည်တော် ဇွန် ၂၀

မောင်တောမြို့နယ် နယ်မြေ(၅)၊ အမှတ်(၂) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ခွဲ၊ ရွက်ညိုတောင် ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် ဇွန် ၁၉ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်က ရေယာဉ်တပ်ဖွဲ့စု (မောင်တော)မှ ငါးမန်းအမြန်သွား တိုက်ခိုက်ရေးရေယာဉ် အမှတ် (၀၀၃)ပါ နှစ်စင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အမှတ်(၂) နယ်ခြားစောင့်တပ် Domdomia BOP ကင်းစခန်းမှ Subedar MD, Najrul Islam  နှင့် တပ်ဖွဲ့ဝင်များသည် စက်တပ်ရေယာဉ် နှစ်စင်း ၊ စုစုပေါင်း လေးစင်းတို့သည် နှစ်နိုင်ငံ နယ်နိမိတ်အနီး နတ်မြစ် မြစ်လယ်ရှိ မင်္ဂလာကြီးချောင်း၀ထိပ် ရေမိုင်အမှတ် (၈)မှ ဦးရှည်ကျ ချောင်း၀ထိပ် ရေမိုင်အမှတ်(၁၁) အနီးအထိ နတ်မြစ်ကြောင်းအတိုင်း နှစ်နိုင်ငံ နှစ်ဖက် ညှိနှိုင်း၍ ရေမိုင် ကင်းလှည့်ခဲ့ပြီး ရေယာဉ် အမှတ်(၀၀၃)ပေါ်၌ နှစ်ဖက်ကင်းလှည့်သည့်အဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။