မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ရေမိုင်လှည့်ကင်း ဆောင်ရွက်

Printer-friendly versionSend by email

မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ရေမိုင်လှည့်ကင်း ဆောင်ရွက်

နေပြည်တော် ဇွန် ၁၂

မောင်တောမြို့နယ် အမှတ်(၂) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ခွဲ ငါးခူရနယ်မြေရုံးမှ ယာယီရဲမှူး ကျော်ဝင်း ဦးစီးသည့် ရေယာဉ်တပ်ဖွဲ့စု(မောင်တော)မှ ငါးမန်းအမြန်သွား တိုက်ခိုက်ရေးရေယာဉ် အမှတ် (၀၀၃)ပါ နှစ်စင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၂)နယ်ခြားစောင့်တပ် Nhilla BOP ကင်းစခန်းမှ Subedar Md, Sha Alom ဦးဆောင်သည့် စက်တပ်ရေယာဉ် နှစ်စီး စုစုပေါင်း ရေယာဉ် လေးစင်းတို့သည် ဇွန် ၁၁ ရက် နံနက်ပိုင်းက နတ်မြစ်မြစ်လယ်ရှိ နှစ်နိုင်ငံနယ်နိမိတ် စံပါယ်ပင်ရင်း(၁) ချောင်း၀အနီး ရေမိုင်အမှတ်(၁၁)မှ ပြူးမချောင်း ချောင်း၀ထိပ် ရေမိုင်အမှတ်(၁၅) အနီးထိ နတ်မြစ်ကြောင်းအတိုင်း နှစ်နိုင်ငံညှိနှိုင်း၍ ရေမိုင်ကင်းလှည့်ခဲ့ပြီး ရေယာဉ်အမှတ်(၀၀၃) ပေါ်၌ နှစ်ဖက်ကင်းလှည့်သည့်အဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။