ဘင်္ဂလားဒေ့ရှ်နိုင်ငံနေသူနှစ်ဦးထံမှ စိတ်ကြွဆေးပြား ၂၂၉၅၀၀ ဖမ်းဆီးရမိ

Printer-friendly versionSend by email

ဘင်္ဂလားဒေ့ရှ်နိုင်ငံနေသူနှစ်ဦးထံမှ စိတ်ကြွဆေးပြား ၂၂၉၅၀၀ ဖမ်းဆီးရမိ

နေပြည်တော် ဇွန် ၁၁

မောင်တောမြို့နယ် နှစ်နိုင်ငံ နယ်စပ်အနီး ဇီးပင်ချောင်းအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသားနှစ်ဦးထံမှ စိတ်ကြွဆေးပြား နှစ်သိန်းကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မောင်တောမြို့နယ် နှစ်နိုင်ငံ နယ်စပ်အနီး ဇီးပင်ချောင်းအတွင်း ဇွန် ၁၁ ရက် နံနက် ၁ နာရီ မိနစ် ၄၀ တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကင်းလှည့်ရေယာဉ်ဖြင့် လှည့်ကင်းဆောင်ရွက်စဉ် တစ်ဖက်နိုင်ငံဘက်ကမ်းသို့ လှော်ခတ်နေသော လှေတစ်စင်းကို တွေ့ရှိပြီး ဖမ်းဆီးခဲ့ရာ လှေပေါ်တွင် လဘာရှေးရာ ဒုက္ခသည်စခန်း၊ တက္ကနဖ့်မြို့နယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံနေ ဂျဟတ်တူဆောင်း (ဖ) ရော်ရှီတာမောက်နှင့် ဂျဘူရာမန်(ဖ) မာမောက်ဟူဆိန်းတို့အား ဆာလာအိတ် နှစ်အိတ်ဖြင့် ထည့်လျက် WY/R စာတန်းပါ စိတ်ကြွဆေးပြား ၂၂၉၅၀၀ (တစ်ပြားလျှင်ကျပ် ၂၀၀၀ နှုန်းဖြင့် တန်ဖိုးငွေကျပ် သိန်း ၄၅၉၀) ကို သိမ်းဆည်းရမိခဲ့သဖြင့် အမှုဖွင့်အရေးယူထားကြောင်းနှင့် ကွင်းဆက်တရားခံ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။