ဗုံးပေါက်ကွဲမှုကြောင့် တပ်ဖွဲ့ဝင်တစ်ဦးသေဆုံး

Printer-friendly versionSend by email

ဗုံးပေါက်ကွဲမှုကြောင့် တပ်ဖွဲ့ဝင်တစ်ဦးသေဆုံး

မောင်တော ဇွန် ၅

မောင်တောမြို့ ၌ ဇွန် ၅ ရက် နံနက် ၇ နာရီ မိနစ် ၅၀ ခန့်က ဒုရဲမှူး တင့်နိုင် ဦးစီး၍ တပ်ဖွဲ့ဝင်များသည် ကင်းစခန်းများမှ တပ်ဖွဲ့ဝင်များအတွက် လစာ/ရိက္ခာ၊ ထောက်ပံ့ ပစ္စည်းများ ထုတ်ပေးရန် တပ်ဖွဲ့ပိုင် ယာဉ်အမှတ် 5K/---- မော်တော်ယာဉ်ဖြင့် နယ်မြေ(၃) တောင်ပြိုယာသို့ ကြိမ်ချောင်းနယ်မြေရုံးမှ ထွက်ခွာလာရာ တောင်ပြိုယာ တံတားအနီး အရောက်၌ ယာဉ်၏နောက်ခန်းတွင် လုံခြုံရေး လိုက်ပါလာသော တပ်ဖွဲ့ဝင် ၁၀ ဦးအနက် ရဲတပ်ကြပ်ကျော်သူ၏ ဘေးလွယ်အိတ်အတွင်း ရဲတပ်ကင်း စခန်းများတွင် ဖြည့်ဆည်းရန် ထည့်သွင်းသယ်ယူလာသော ဗုံးသီးသုံးလုံး အနက်မှ ဗုံးသီးတစ်လုံးမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

ဗုံးသီးပေါက်ကွဲမှုကြောင့် တပ်ကြပ် ကျော်သူ၊ တပ်ကြပ်ကြီး သက်နိုင်၊ တပ်ကြပ် နိုင်လင်းအောင် ၊ ဒုတပ်ကြပ် ဇော်ဦး၊ ၊ ဒုတပ်ကြပ် ဉာဏ်လင်းဦးတို့တွင် ဒဏ်ရာများ ရရှိခဲ့သဖြင့် နီးစပ်ရာ တောင်ပြိုလက်ဝဲ တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ဆေးရုံ ရောက်ရှိပြီး အရေးပေါ်ဆေးကုသမှုခံယူနေစဉ် ရဲတပ်ကြပ်ကျော်သူမှာ ရရှိဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။