မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ရေမိုင်လှည့်ကင်း ဆောင်ရွက်

Printer-friendly versionSend by email

မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ရေမိုင်လှည့်ကင်း ဆောင်ရွက်

နေပြည်တော် မေ ၃၁

မောင်တောမြို့နယ် နယ်မြေ(၇) မကျီးချောင်းချောင်း၀ရဲကင်းစခန်းမှ ဒုရဲမှူး နိုင်အောင်သူ ဦးစီးသည့် ရေယာဉ်တပ်ဖွဲ့စု (မောင်တော)မှ ငါးမန်းအမြန်သွားတိုက်ခိုက်ရေး ရေယာဉ်အမှတ် (၀၀၆)ပါ နှစ်စင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၂) နယ်ခြားစောင့်တပ် Shahparirdip BOP ကင်းစခန်းမှ Subedar MD, Nur E Allam ဦးဆောင်သည့် စက်တပ်ရေယာဉ် နှစ်စင်း၊ စုစုပေါင်း လေးစင်းတို့သည် မေ ၃၀ ရက် နံနက်ပိုင်းက မကျီးချောင်းချောင်း၀ထိပ်၊ ရေမိုင်အမှတ် (၂)အနီးမှ ကညင်ချောင်း ချောင်း၀ထိပ်၊ ရေမိုင်အမှတ် (၅) အနီးအထိ နတ်မြစ်ကြောင်းအတိုင်း နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ရေမိုင်ကင်းလှည့်ခဲ့ပြီး ရေယာဉ်အမှတ် (၀၀၆)ပေါ် ၌ နှစ်ဖက်ကင်းလှည့်သည့်အဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။