မြေပုံမြို့နယ် ရန်ကုန်-စစ်တွေကားလမ်းမကြီးပေါ်၌ ခရီးသည်တင်ယာဉ်တစ်စီး AA အဖွဲ့ထောင်ထားသည့် မြေမြှုပ်မိုင်းအား နင်းမိ ပေါက်ကွဲ

Printer-friendly versionSend by email

မြေပုံမြို့နယ် ရန်ကုန်-စစ်တွေကားလမ်းမကြီးပေါ်၌ ခရီးသည်တင်ယာဉ်တစ်စီး AA အဖွဲ့ထောင်ထားသည့် မြေမြှုပ်မိုင်းအား နင်းမိ ပေါက်ကွဲ

နေပြည်တော် မေ ၃၁

မြေပုံမြို့နယ် ကြာအင်းတောင်ကျေးရွာအနီး ရန်ကုန် - စစ်တွေသွားကားလမ်း မိုင်တိုင်အမှတ် (၆၉/၇၀)အကြား စစ်တွေမြို့မှ ရန်ကုန်မြို့သို့ထွက်ခွာလာသည့် “ရွှေမန်းရတနာ” ခရီးသည်တင်မှန်လုံယာဉ်သည် ယနေ့ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် AA အဖွဲ့ထောင်ထားသည့် မြေမြှုပ်မိုင်းအား နင်းမိပေါက်ကွဲခဲ့ရာ ယာဉ်အနည်းငယ်ပျက်စီးပြီး ယာဉ်ပေါ်ပါသူများ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိခဲ့ကြောင်း သိရသည်။

ခရီးသည်များအား အခြားယာဉ်တစ်စီးဖြင့် ပို့ဆောင်

ယာဉ်ပေါ်ပါ ခရီးသည်များအား အခြားယာဉ်တစ်စီးဖြင့် ပို့ဆောင်နိုင်ရေး ဆောင်ရွက်ခဲ့ကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။