ပြည်တွင်းပြည်ပသတင်းမီဒီယာများပါဝင်သည့် သတင်းအဖွဲ့ ဂုံးနားကျေးရွာနှင့် အောင်ဗလကျေးရွာတို့၌ သတင်းရယူ

Printer-friendly versionSend by email

ပြည်တွင်းပြည်ပသတင်းမီဒီယာများပါဝင်သည့် သတင်းအဖွဲ့ ဂုံးနားကျေးရွာနှင့် အောင်ဗလကျေးရွာတို့၌ သတင်းရယူ

မောင်တော မေ ၃၀

ရခိုင်ပြည်နယ် မောင်တောမြို့ ၌ ရောက်ရှိနေသည့် ပြည်တွင်းပြည်ပသတင်းမီဒီယာများပါဝင်သော သတင်းအဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် မောင်တောမြို့နယ် ဂုံးနားကျေးရွာရှိ ရွှေဇားကပ္ပကောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ကျေးရွာအတွင်းရှိ လူမှုအသိုက်အဝန်းများနှင့် တွေ့ဆုံသတင်းရယူကြသည်။ ဆက်လက်၍ သတင်းအဖွဲ့သည် ဂုံးနားကျေးရွာနှင့် အောင်ဗလကျေးရွာအတွင်း လေ့လာသတင်းရယူကြသည်။

ထို့နောက် သတင်းအဖွဲ့သည် မောင်တောမြို့မှ စစ်တွေမြို့သို့ ရောက်ရှိကြပြီး ညနေပိုင်းတွင် မြန်မာအမျိုးသားလေကြောင်းဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာသွားကြသည်။