မောင်တောမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

Printer-friendly versionSend by email

မောင်တောမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် မေ ၂၇

ရခိုင်ပြည်နယ် မောင်တောမြို့ အမှတ် (၂) ရပ်ကွက် မီးစက်လမ်းကြားတွင် ယမန်နေ့ညပိုင်းက စိတ်ကြွရူးသွပ်ဆေးပြား ၉၇၀၀၀၀ကျော်သိမ်းဆည်းရမိခဲ့ ကြောင်းသိရသည်။

မောင်တောမှ မူးယစ်တပ်ဖွဲ့စု တပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၂၆ ရက် ည ၈ နာရီ မိနစ် ၄၀ က မောင်တောမြို့ ကညင်တန်းရပ်ကွက် မီးသတ်လမ်းဆုံတွင် သတင်းအရ CRV  အမျိုးအစား မော်တော်ယာဉ်အား စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် မောင်းနှင်ထွက်ပြေးသွားသဖြင့် လိုက်လံရှာဖွေရာ မောင်တောမြို့ အမှတ် (၂) ရပ်ကွက် မီးစက်လမ်းကြားတွင် ယင်းမော်တော်ယာဉ်ကို တွေ့ရှိရပြီး စစ်ဆေးရှာဖွေရာ ယာဉ်နောက်ခန်းရှိ ဆာလာအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၇၅၀၀၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ယနေ့နံနက်ပိုင်းက အမျိုးသားနှစ်ဦးအား ဖမ်းဆီးရမိခဲ့သဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။